Chapter (39)

212 14 1
                                    

" ချစ်တာပေါ့ "

" နေ့တိုင်းမေးချင်တာ ၊ ဒါမှ ကျွန်တော်အိပ်ပျော်နိုင်မှာ "

နဖူးပေါ်က ဆံစလေးများကို သပ်တင်ပေးရင်း ကြည်သာ ဆို၏ ။

" မိုးသောက်က ညဘက်တွေအိပ်မပျော်လို့လား "

မျက်တောင်လေးတဖျတ်ဖျတ်ခတ်ကာ ခေါင်းညိတ်ပြသည် ။

" ချစ်တယ်လို့ မကြားရတဲ့ညတွေပေါ့ ။ ကျွန်တော် ဆေးမမီတော့ဘူးလို့ အစ်ကိုထင်လားဟင် "

" ဒါဆို အစ်ကိုက နေ့တိုင်းပြောပေးမယ်လေ "

" ဘယ်လိုပြောပေးမှာလဲ ၊ မနက်ဖြန်ပဲ အစ်ကို မျိုးစပါးကြဲဖို့ လယ်ထဲသွားရတော့မှာကို ။
ကျွန်တော်လေ အဝေးဆုံးကို အစ်ကိုနဲ့အတူပြေးလိုက်ချင်တယ် ။ အချိန်တိုင်းစက္ကန့်တိုင်း အစ်ကိုနဲ့အတူနေချင်လာတာ ။ အတ္တတွေ များလာသလိုပဲနော်.....အစ်ကို "

ကြည်သာ သက်ပြင်းချကာ

" တစ်နေ့ပေါ့ မိုးသောက်ရယ် "

ဟုပြောတော့ ကောင်လေး၏မျက်နှာ ရှုံ့မဲ့သွား၏။

" အစ်ကိုပဲ အဲ့တစ်နေ့ကို ထိုင်စောင့်နေလိုက်တော့"

မူဟန်ပိုပို မကျေနပ်သလို ပြောပြီး လက်ထဲက သစ်ကိုင်းခြောက်ကို ကောက်ချိုးသည် ။ စိတ်မရှည်တတ်သူလေးရဲ့ပါးပြင်နုနုကို သူ့လက်ကြမ်းများဖြင့် မထိရက်သလိုပွတ်သပ်ပေးမိရင်း

" ညနေကျရင် ဝါးဆစ်ဗူးလေးလာပို့ပေးမယ် ၊ အဲ့ဗူးထဲမှာ စာရွက်လေးတွေ ပါလာလိမ့်မယ် ၊ အစ်ကိုနဲ့မတွေ့တဲ့ နေ့တိုင်း စာရွက်တစ်လိပ်ယူကြည့်ပြီးမှ အိပ် ဟုတ်လား ၊ အခုတော့ ပြန်ရအောင် ။ ဘုရားမှာ အကြာကြီးနေလို့မရဘူး ။ သူများတွေ မြင်ကုန်ဦးမယ် ၊ ကဲ ! ထ "

ဝါးဆစ်ဗူးထဲကစာရွက်လိပ်က ဘာများလဲစဉ်းစားနေရင်း မိုးသောက် မျက်မှောင်ကြုတ်သွားရာမှ ချက်ခြင်းပဲပြုံးယောင်သမ်းသွားသည် ။

" အသံလေးပါသွင်းထားလို့ရရင် သိပ်ကောင်းမှာပဲနော် "

" မင်းလေးက ရလေလိုလေအိုတစ္ဆေပဲ "

ဆွဲထူပေးရင်း ကြည်သာပြောတော့ မိုးသောက်က ရယ်သည် ။

" ဘာဖြစ်လဲ ၊ ဒီထက်ပိုချင်တာတွေ အစ်ကိုမသိသေးလို့ ။ သိများသိသွားရင် အစ်ကို ကျွန်တော့်ကိုကြောက်သွားမှာ "

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now