ထားခဲ့မယ်ဆိုတာ သိနေရက်နဲ့သိပ်ချစ်ခဲ့တဲ့ သူပေါ့ ။ အမေလာခေါ်တဲ့ညကတည်းက ကျွန်တော်ရိပ်မိနေပြီးသားပဲ ။ အမှန်ဆို တူနှစ်ကိုယ်ပေါင်းဖက်ဖို့ ခိုးပြေးရန်ကြံရွယ်ထားတာ ။ ကလျာက ကျွန်တော့်ကိုချစ်ပေမဲ့ ကျွန်တော့်ကိုတော့မရွေးချယ်ခဲ့ပါဘူး ။ သူက ဗလာသက်သက်ထွက်သွားခဲ့တယ် ။ ကျွန်တော်လည်း ရင်ထဲဗလာဖြစ်ခဲ့တယ် ။
ကလျာကိုခိုးမပြေးဖြစ်လေတော့ လှေလှော်ပြိုင်ပွဲကို သွားရချေပြီ ။အသည်းကွဲနေလည်း လုပ်စရာရှိတာတွေတော့လုပ်ရဦးမည်မဟုတ်လား။အထုပ်အပိုးတချို့နဲ့ကျွန်တော်တို့တွေ ကားကြီးပေါ်ရောက်သွားကြတယ်။
ကားထွက်ပြီးသိပ်မကြာခင်မှာပဲ ခဏရပ်တော့ ကားပေါ်လူတစ်ယောက်တက်လာတယ် ။ ကောင်လေးတစ်ယောက် ၊ ဖြူသွယ်သွယ်နဲ့နွဲ့တဲ့တဲ့ ။
နွယ်နီက သူတို့ကိုပြောပြတယ် ၊ တင်ဝေညီတဲ့ ။ တင်ဝေထက်ချောပေမဲ့ တင်ဝေလောက်မတောင့်တင်းဘူး ။ ထိုအစား အခြောက်ကလေးနဲ့သွားတူနေတယ် ။ ထိုင်ခုံအလွှတ်ကလည်း သူ့ဘေးကတစ်ခုံပဲရှိတော့ တင်ဝေ့ညီက အလိုလိုသူ့ဘေးရောက်လာတယ် ။လူမရောက်ခင်ပဒုမ္မာကြာရနံ့က သင်းခနဲပဲ ။ သူတောင် တမေ့တမောရှုမိသွားတယ် ။ ကောင်လေးက သူ့ဘေးမှာဝင်ထိုင်ပြီး သူ့ကိုပြုံးပြလာတယ်။ချစ်တော့ချစ်စရာလေး ။
နောက်တော့ ဒီကောင်လေးက သူတို့ကိုအားပေးဖို့ လိုက်ပါခဲ့မှန်းသိလိုက်ရတယ် ။ စကားသိပ်မပြောချင်လို့ တစ်လမ်းလုံး သူအိပ်ခဲ့လိုက်တယ် ။
အားကစားဝန်ကြီးဌာနကိုရောက်တော့ သူတို့တွေ ပိုရင်းနှီးလာတယ် ဆိုရမှာပေါ့ ၊ စားအတူသွားအတူနဲ့ သူ့အကြောင်းကိုယ့်အကြောင်းပြောဖြစ်ကြတယ် ။ ကျွန်တော့်မှာ ရည်းစားရှိတယ်ပြောတော့ သူ့မျက်နှာလေးပျက်သွားတာ ဖျတ်ခနဲမြင်လိုက်ရတယ် ။ ခဏပါပဲ ၊ ကျွန်တော်အမြင်မှားခဲ့တာပဲနေမယ် ။ဒီလိုနဲ့ ကျွန်တော်တို့တွေ သုံးလကျော်လောက်အတူတူကုန်ဆုံးခဲ့ပြီးတော့ ရွာပြန်လာခဲ့ကြတယ် ။ အဲ့နောက်မှာ ကျွန်တော်တို့တွေ သိပ်မတွေ့ခဲ့ကြဘူး။ကျွန်တော်လည်း သတိရစိတ် တစ်ခါတလေဖြစ်ပေမဲ့ ပုံမှန်ပါပဲ ။ကလျာကျောင်းပြောင်းသွားပြီကို သိလိုက်ပြီး အသည်းကွဲခဲ့တာက လွဲလို့ပေါ့ ။