Chapter (24)

202 13 0
                                    


"ဘာလို့ကြည့်နေတာလဲ"

ကြည်သာ မေးလိုက်တော့မိုးသောက်က
လက်ကိုင်ပုဝါလေးထုတ်ကာသူ့ကိုပေးလာသည်။

"နဖူးမှာချွေးတွေထွက်နေတယ်"

လက်ကိုင်ပုဝါကို ယူ၍ သူလည်း နဖူးတင်မက မျက်နှာတစ်ခုလုံးကိုပါသုတ်သင်သန့်ရှင်းလိုက်သည် ။ သူမသိသည့် ရနံ့တစ်ခုကပါ မျက်နှာပေါ်စွဲကပ်သွားသလိုပင် ။ ထိုကောင်လေးက လူကိုယ်၌တင်မကဘူး အသုံးအဆောင်တွေကပါ ရနံ့လေးသင်းနေတာပဲ ။

သူက ချွေးသုတ်ပြီးတော့ လက်ကိုင်ပုဝါကိုပြန်ပေးလိုက်၏။

"ဘုရားပန်းအရင်ကပ်ကြတာပေါ့"

ကြည်သာက ပြောပြီး တန်ဆောင်းထဲဝင်သည် ။
မိုးသောက်သည်လည်း လိုက်ဝင်သွားခဲ့လေ၏ ။

"ကိုယ့်ကိုပေး"

ကြည်သာက မိုးသောက်ထံမှ ဘုရားပန်းကိုလှမ်းတောင်းသည် ။

"ကျွန်တော့်ဘာသာပဲ ကပ်လိုက်ပါ့မယ် "

မိုးသောက် ကြည်သာအနားလျှောက်သွား၍ ပန်းအိုးထဲသို့ထည့်လှူရန် ကြည်သာအပြီးကိုစောင့်နေလိုက်သည် ။ဘုရားပန်းကပ်ပြီးသော အလှူငွေထည့်ကာ နှစ်ဦးသား ‌ရွှေဆံတော်စေတီတော်မြတ်ကို ဖူးမျှော်ကန်တော့ကြ၏။

ကြည်သာက မြန်သည် ။ သူက ဦးငါးကြိမ်သာချပြီးသော ပြီးသွားသည် ။သူ့ဘေးက ကောင်လေးသည်ကား နှုတ်မှတတွတ်တွတ်ရွတ်ဖတ်နေကာ မပြီးသေး ။ ဘာတွေများ တောင်းဆုရည်မှန်းနေပါလိမ့် ။တစ်မိနစ်လောက်အကြာတွင် မိုးသောက်လည်း ကန်တော့ပန်ဆင်၍ပြီးသွားသည် ။

ကြည်သာက ထရပ်၍

"ဘာတွေဆုတောင်းနေတာလဲ"

"တစ်စုံတစ်ယောက်နဲ့ဝေးဖို့ပေါ့"

"ဟမ်! ဘာဖြစ်လို့လဲ"

မိုးသောက်က မဖြေ ၊ တန်ဆောင်းထဲမှထွက်ကာ ရင်ပြင်ပေါ်၌မတ်တပ်ရပ်၍ နေရောင်ခြည်ကို ခံယူလိုက်သည် ။ ကြည်သာက သူ့နောက်လိုက်လာပြီး ထပ်မေး၏။

"ဘယ်သူက မင်းကိုနှောင့်ယှက်လို့လဲ"

မိုးသောက်က ရယ်လေ၏ ။ သူက ပြောသည် ။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now