Chapter (21)

199 14 0
                                    

ကုန်ဆုံးချိန်ဟာ ‌တရွေ့ရွေ့နှင့် ညနေခင်းသို့ပင်ကျရောက်လာခဲ့လေ၏။ပုဇွန်ဆီရောင်ဖြန်းပက်ထားသော ညနေခင်းဟာ လေအေးများတိုက်ခတ်မှုကြောင့် အနွေးထည်ကိုယ်စီဝတ်ထားကြရသည်။

စင်အနောက်တွင် လှည်းများကိုတန်းစီထား၏။မီးချောင်းမထွန်းထားသည့်အမှောင်ရိပ်တွင် အမျိုးသမီးများက အဝတ်အစားလဲနေလေသည်။သူတို့က အေးအေးဆေးဆေးပင် စကားပြောရင်း လုပ်နေခဲ့သည်။အစီအစဉ်က အားကစားဆုတွေအရင်ပေးဦးမည်မဟုတ်လား ။ ပြီးလျှင် ဖျော်ဖြေရေးအစီအစဉ်၌ သူတို့က နံပါတ် (၅)နေရာ ကျလောက်သည်။

စင်ရှေ့တွင် လူတချို့က ဂုန်နီအိတ်ခင်း၍ နေရာယူချေပြီ။ကလေးများက စင်ပေါ်တက်၍ လွတ်လပ်စွာ‌ကခုန်နေသည်။

စင်နှင့်သိပ်မဝေးသည့်နေရာတွင်ရှိနေသော မုန့်ဈေးတန်းတွင်လည်း လူများက ကြိတ်ကြိတ်တိုးစည်ကားနေ၏။တစ်နှစ်တစ်ခါပင်မို့ တခြားရွာမှလည်း လာရောက်လည်ပတ်ကြည့်ရှုကြသည်။

‌မိုးသောက်သည် ကရင်ပုဆိုးလေးဝတ်ထားကာ
လိမ္မော်သီးထိုင်ဝါးနေ၏ ။
လည်ပင်းတွင် ခပ်လျော့လျော့စည်းထားသောခေါင်းပေါင်း၏ရောင်ပြန်ဟပ်မှုကြောင့် သူ့မျက်နှာလေးမှာ ရဲသွေးစိုချင်သွားသည်။သူက အသီးတွေရောင်းသည့်ဆိုင်ထဲတွင် ဝင်ထိုင်နေခြင်းဖြစ်သည်။

"အဖြူလုံးလေး နေ့ခင်းက ဘာမှမကစားဘူးလား"

သူ့ဘေးနားတွင်ထိုင်နေသည့် အစ်မခင်ထားက မေးလာသည်။သူ့လက်ထဲက လိမ္မော်ခွံကို ပွတ်ချေ၍ တစ်ချက်မျှ ရှုရှိုက်ကာ ပြန်ဖြေလိုက်သည်။

"မကစားဘူး ! အစ်မတို့ရော နိုင်လား"

"ပထမလေ"

သူ့အစ်မက ခပ်ပြုံးပြုံးဖြင့်ဖြေလာတော့ လက်မထောင်ပြလိုက်၏။

"အစ်ကိုတို့ရော အစ်မ"

"သောက်နေကြမှာပေါ့"

ဒီလိုညကတော့ ဒါမျိုးတွေကထုံးစံပင် ။ မိုးသောက် သူ့ရှေ့ရှိ လူသူသွားလာနေသည်ကို ထိုင်ကြည့်နေမိသည်။အချိန်က စောသေး၍ လူတွေလည်း ဈေးဆိုင်များတွင် ဝင်ရောက်စားသောက်နေကြသည်။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now