Chapter (47)

201 9 0
                                    

အလုပ်အကိုင်နေ့တွင် သတို့သားအိမ်ဖြစ်သော ဒေါ်ပိန်သေးတို့အိမ်တွင် အလုပ်ရှုပ်လာတော့သည် ။ အစကသတို့သမီးအိမ်တွင်ဧည့်ခံကျွေးမွေးမည်ဖြစ်သော်လည်း အသွားအလာအဆင်မပြေသည်ကတ‌စ်ကြောင်း နေရာထိုင်ခင်းမကျယ်ပြန့်သည်ကတစ်ဖုံ ၊ ဤသို့ဖြင့် ကျွေးမွေးဧည့်ခံဖို့ကို ‌သတို့သားအိမ်၌ပင် လုပ်ခဲ့ကြ၏ ။

ဒီနေ့က မဏ္ဍပ်ပြင် ၊ ဓာတ်စက်လွင့်နှင့်လာကူသူ ကာလသား ၊ ကာလသမီးအပေါင်းကို ကျွေးမွေးဖို့ရန် ချက်ပြုတ်ရသည် ။

ဓာတ်စက်မှ  ထိမ်းမြားလက်ဆက်ဖို့ စောင်းနင်းသိမ်းသွင်းသော မင်္ဂလာသီချင်းမှာ ဝံ့ဝံ့ကြွားကြွား ။

ခြားနားစွာပင် မြေပြင်ပေါ်တွင်တော့ အားလုံးက အလုပ်ရှုပ်နေကြ၏ ။

" ကြက်ခုတ်ပြီးပြီလား "

အေးသန်း လှီးပြီးသားအာလူးများကို ဒန်အိုးထဲထည့်ရင်း သက်ထားကို မေးလိုက်သည် ။

" ခုတ်ပြီးပြီလေ ၊ ဟိုမှာဆီတောင်သတ်နေပြီ "

" သက်ထားရေ ! ထုံးကုန်နေပြီ "

" ကွမ်းစားဆေးကောပဲ "

သက်ထား လက်ထဲကဓားကိုချ၍ အိမ်ပေါ်တက်ပြီး ထုံးနှင့်ကွမ်းစားဆေးကို ယူပြီးပြန်ဆင်းခဲ့၏ ။ သူ့အမေကတော့ လူကြီးတွေနဲ့စကားတပြောပြော။အဖေသည်လည်း လူကြီးတွေနှင့်သာ ။

" ရော့ "

ကွမ်းစားဆေးနှင့်ထုံးပေးပြီး ဟင်းချက်သည့်နေရာသို့ ပြန်ရောက်သွားပြန်သည် ။

" ဆီပေးပါဦး ! နောက်တစ်အိုးအတွက်မလောက်တော့ဘူးထင်တယ် "

" ထယူ အေ ! ငါထရမှာ ညောင်းနေပြီ ၊ သောက်ရေအိုးစင်အောက်မှာ
ဆီပုံးရှိတယ် "

သက်ထားက ခြေပစ်လက်ပစ်ထိုင်ချကာ သခွားသီးတွေကိုအကွင်းလိုက်ကလေးထိုင်လှီးနေလိုက်သည် ။ တစ်ချက်တချက်တော့ အိမ်ရှေ့က မဏ္ဍပ်အပြင်အဆင်လုပ်နေသူများကို လှမ်းကြည့်ရသေးသည် ။ သောက်ထားစားထားကြ၍ ရန်ထဖြစ်မှာလည်း စိုးရိမ်ရ ။

အစ်ကိုဖြစ်သူတွေရှိနေ၍ ထိန်းထားမှာပေါ့ဟုတွေးရင်း ကိုယ်လုပ်စရာရှိသည်များကိုသာ အာရုံစိုက်ထားလိုက်တော့သည်။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now