Chapter (9)

252 19 0
                                    

"အောက်အီးအီးအွတ်"

"ကတော် ကတော် ....အွတ် အွတ် "

မိုးလင်းတော့မည်ဖြစ်ကြောင်း ကြေညာသံကို မိုးသောက်ကြားလိုက်ရသည်။
သူဆက်အိပ်၍မရ။ကြက်ဖတွန်သံက တကယ်ကိုကျယ်သည်။ပြီးတော့ တစ်ကောင်နှင့်တစ်ကောင်လိုက်ဆိတ်၍ ဆူညံပွက်လောရိုက်နေ၏။

နောက်ဖေးကိုသူသွားတော့ အမေနှင့်အစ်မတို့က စောစောစီစီးချက်ပြုတ်နေလေပြီ။အစ်မခင်ထားက သူ့ကိုမြင်သွားသည်။

"ဟော ! အဖြူလုံးလေး အစောကြီးနှိုးနေတာလား "

"ဟုတ် "

"ရော့ ! မျက်နှာသစ်ပြီးရင် ထက်မီးအောက်မီးလာစား ။ အခုနကမှ သူတို့ဖိုပေါ်က ချရောင်းတာ ပူပူနွေးနွေးလေးပဲရှိသေးတယ်"

သူ ခေါင်းညိတ်ပြပြီး အိမ်နောက်ဖေးကနေဆင်းသွားလိုက်တယ်။ပြာသိုလမို့ ကျောက်စည်ပိုင်းထဲကညသိပ်ရေဟာ အေးစက်နေ၏။
ဆပ်ပြာခွက်ခြင်းထဲ သွားတိုက်ဆေးနှင့်သွားတိုက်တံမတွေ့မိ။ထိုအစား ကျောက်စည်ပိုင်းဘေးက ရေအိုင်နားတွင် မီးသွေးခဲအကျိုးအပဲ့ကိုသာတွေ့ရသည်။ဆားနဲ့မီးသွေးသုံးနေတုန်းပဲပေါ့။တော်သေးတယ် ! ပြန်လာတော့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေလုံလောက်အောင်ဝယ်ချလာလို့။

မိုးသောက်ပုခုံးတွန့်၍ သွားစတိုက်ပြီးနောက်မျက်နှာသစ်ကာ အိမ်ပေါ်ပြန်တက်လာခဲ့၏။နောက်ဖေးဆောင်တွင်တော့ သူ့အစ်ကိုတွေတောင် ထမင်းကြော်စားနေချေပြီ။

"လာ အဖြူလုံးလေး ! "

အစ်ကိုတင်ဝေက သူ့ကိုလက်ယပ်ခေါ်သည်။

"ခဏ ! ကျွန်တော်မျက်နှာသွားသုတ်လိုက်ဦးမယ်"

သူပြန်လာတော့ သူ့အစ်ကိုတွေစားလို့ပြီးစီးနေပြီ။ဘယ်လိုတောင် စားလိုက်ကြတာလဲဟ။သူတို့က ထမင်စားပြီး၍ထက်မီးအောက်မီးမုန့်ကိုပင် နှိုက်နေ၏။

"ကလေးအတွက် အနားသားတွေချန်ထားပေးလိုက်ဦး"

အမေက အာလူးခွာနေရင်း သူ့အစ်ကိုတွေကိုလှမ်းပြောသည်။အစ်ကိုတင်နွေက မုန့်ကိုပလုတ်ပလောင်း ဝါးနေရင်းမှပြန်ဖြေ၏။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now