ပြန်လာရာတလျှောက်လုံး ကြည်သာ အိပ်နေခဲ့သည်။သူနှိုးမည်စိုး၍ မလှုပ်မယှက်နေရသည့် မိုးသောက်မှာပြန်ရောက်သောအခါ ပုခုံးတစ်ခြမ်းလှုပ်၍မရတော့အောင်ပင်။ကြည်သာက သေးသေးကွေးကွေးကလေးပေါက်စလေးမဟုတ်ဘဲကိုးတောင်ဝတ်အရွယ်ရောက်ယောကျာ်းတစ်ယောက်ပင်။ကျားကိုးစီးစားမကုန်တဲ့ခန္ဓာကိုယ်
ဖြင့်မှီထားတော့လည်း သည်လောက်တော့ရှိမည်ပါ့။ပြန်ရောက်တော့ အစ်ကိုကြည်သာကို သူလှုပ်နှိုးလိုက်သည်။
"အစ်ကိုကြည်သာ ! ထတော့ ရောက်ပြီ "
"ဟမ် ! "
ကြည်သာက မျက်မှောင်ကုတ်၍ဟိုကြည်သည်ကြည့်နှင့်ထလာသည်။သူက မိုးသောက်ပုခုံးပေါ်ရှိအစိုကွက်တစ်ကွက်ကိုတွေ့သွား၏။
သူ သားရည်ကျသွားတာလား။"အစ်ကို "
မိုးသောက် နောက်သို့ရုတ်၍ အလန့်တကြားဆိုမိသည်။အစ်ကိုကြည်သာက ရုတ်တရက်ကြီး သူ့လည်ပင်းကိုလာနမ်းတာလေ။မလန့်ရိုးလား။
"တောင်းပန်ပါတယ်ကွာ ! မင်းအင်္ကျီမှာ ငါ့သားရည်တွေပေသွားပြီ"
"အ့...နာတယ်အစ်ကိုရဲ့"
ပြောနေရင်း ကြည်သာက မိုးသောက်ရဲ့ဘယ်ဘက်လက်ကိုဆုပ်ကိုင်လိုက်ရာ ကျဥ်နေသည့်လက်မှာ ထိုးအောင့်နာကျင်သွားသည်။
"ငါ မင်းကိုတစ်လမ်းလုံးမှီအိပ်ခဲ့တာလား"
ကြည်သာက မေးသည်။မိုးသောက်လည်း ခေါင်းညိတ်၍ပြန်ဖြေသည်။
"ဟုတ်"
"နှိုးလိုက်တာမဟုတ်ဘူး ။ မှန်း ! တခြမ်းလုံးကျဥ်နေလား "
ဤတစ်ကြိမ်တော့ ကြည်သာက မထိမတွေ့တော့။သူက အားနာစွာနှင့််မိုးသောက်ကိုမေးသည်။
"ခဏနေရင်တော့ သက်သာသွားမှာပါ"
"နောက်တစ်ခါဆို အားနာမနေနဲ့ ငါ့ကိုနှိုးသာနှိုးလိုက် ! ဟုတ်လား "
မိုးသောက် ခေါင်းညိတ်ပြလိုက်၏။ခုံပေါ်ကမထသေးဘဲ စကားပြောနေကြ၍ ဝက်ကြီးတို့က သူတို့ထံ ပြန်တက်လာကာ
"မဆင်းကြသေးဘူးလား "
"မိုးသောက် ကိုယ်တခြမ်းကျဥ်နေလို့ ၊ ခဏနေမှလိုက်လာခဲ့မယ် "