Unicode
"မေ ....မအိပ်သေးဘူးလား"
"မေ.. အိပ်မပျော်ဘူး ကို ရယ်"
"ဘာလဲ မနက်ဖြန်ကျ သူငယ်ချင်းတွေနဲ့ပြန်တွေ့ရမှာမိုလို့ စိတ်လှုပ်ရှားနေတာလား"
"သူငယ်ချင်း .......အဟင်း ဟုတ်မယ်နော် မတွေ့ဖြစ်ကြတာလဲ ဆယ်စုနှစ်တောင်ကျော်ခဲ့ပြီ ဆိုတော့လေ "
"အရမ်းတွေ တွေးပြီးပူမနေပါနဲ့
ညဉ့်နက်မယ် အိပ်တော့နော်""ကို အရင်အိပ်နှင့်နော်
မေခဏနေမှ အိပ်မယ်""သဘောပါဗျာ အဲ့ဆို ကိုယ့်အသည်းလေး good night "
နှဖူးကိုညင်သာသော အထိအတွေ့လေးပေးပြီး ထွက်သွားသူလေးကို မေ သိပ်မြတ်နိုးရပါသည် သူဟာ မေ့အတွက်တော့ ဒီဘဝမှာ အကြီးမားဆုံးသော ဆုလာဘ်တစ်ခုပေါ့
ဒါဆို သူကရော .......
သူကတော့ မေ့ငယ်ဘဝရဲ့ ဆုလာဘ်လို့ပြောရမယ်ထင်တယ်........
သူ့အကြောင်းတွေးမိလိုက်တာနဲ့ ငယ်ဘဝရဲ့ပုံရိပ်များ ပြန်မြင်ယောင်လာတော့သည်
အတိတ်ရဲ့စာမျက်နှာတစ်ခုဆီသို့~~~~~~~~
"ဇွန်လေးရေ ထတော့ သမီးရေ ကျောင်းနောက်ကျမယ်ဟေ့ "
မွေးမိခင်ရဲ့ ပုံမှန်alarmသံကြောင့် မေ မျက်လုံးများကို မဖွင့်ချင်လဲဖွင့်ရတော့သည်။
ဇွန်လေးဆိုလို့ တစ်ခြားသူလို့မထင်လိုက်ကြပါနဲ့ အဲ့ဒါမေ့အိမ်နာမည်ပါ ။ 'ချမ်းသီရိမေ ' ဆိုတဲ့နာမည်ကို အိမ်မှာ အမေကစိတ်တိုမှသာခေါ်လေ့ရှိသည်။ ပုံမှန်ဆိုရင်တော့ တစ်အိမ်လုံးက ဂျွန်လေးသာ ခေါ်ကြသည်။ ကိုယ့်ထက်၎နှစ်ငယ်တဲ့ အိမ်ကကျက်သတုံးမလေးကတောင် ဂျွန်လေးတဲ့ လေ ...
ဒါပေမဲ့လဲ မေနှစ်သက်ပါသည်။ နာမည်လေးကဘိုဆန်သလိုလို ဘာလိုလို
အဓိပ္ပာယ်ကိုပြောရမယ်ဆိုရင်တော့
အင်း........ ဘာအဓိပ္ပာယ်မှကိုမရှိပါ ဇွန်လမှာမွေးလို့ ဇွန်လေးလို့ ခေါ်တာပါတဲ့လေ ။
မေတို့အိမ်ရဲ့ နာမည်ပေးပုံက တကယ်ပင်မိုက်ပါသည်။
ကဲ နာမည်အကြောင်းတွေးနေတာနဲ့တင် ကျောင်းနောက်ကျတော့မည် ။
မေဟာ မျက်နှာသစ် ၊ သွားတိုက်ခြင်းကို ကျားလိုက်သလိုအမြန်လုပ်လိုက်ရသည် ။
YOU ARE READING
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...