အပိုင်း(၁၃)

4.1K 60 5
                                    

ဒီနေ့က သင်တန်းတရားဝင်စမည့် တနင်္လာနေ့ဖြစ်သည်နဲ့အညီမနေ့ညကတည်းက ယနေ့မနက်ခင်းသန့်ရှင်းရေးအတွက်ဂျူတီခွဲထားပြီးဖြစ်သည်။
ချမ်းသီရိမေတို့ကံကောင်းချက်ကတော့အစနေ့မှာတင် ဂျူတီကျတော့သည်။

မနက်၎နာရီထိုးဖို့ ၁၅မိနစ် လောက်လိုတာနဲ့ တစ်ပြိုင်နက်alarmသံကမြည်လာတော့သည်

"အာ ဘာလဲဟာ ငါအိပ်ချင်နေသေးတာကို "

"တီ တီ တီ "

"ဟူး ထပြီဟေ့ ထပြီဟဲ့ alarmရဲ့နင်ဆက်မြည်မနေနဲ့တော့"

ဒီနေ့ မနက်သန့်ရှင်းရေးတာဝန်ကျတာမို့ ၄နာရီထိုးမှာလုပ်ငန်းစရမည်ဖြစ်သည်။ မေ့လုပ်ပုံလုပ်နည်းနဲ့ဆို ၁၅မိနစ်ထဲနဲ့ readyမဖြစ်နိုင်ပေမဲ့ ဆရာမှာထားသလို ညကတည်းက ယူနီဖောင်းကြိုဝတ်ထားသည့် အလေ့ကိုကျင့်သုံးနေတာကြောင့် အချိန်အတော်သက်သာသွားတာဖြစ်သည်။

မေ့မှာသန့်ရှင်းရေးလုပ်နေရင်း ဆက်အိပ်ခွင့်ရသူများကိုကြည့်ကာဘဝကြီးကမတရားသလိုခံစားရသည်။
အရာရှိများက တစ်ယောက်တစ်ခန်းဆီသီးသန့်နေရတာမို့
တခြားအဆောင်တွေလောက်တော့ သန့်ရှင်းရေးလုပ်စရာသိပ်မရှိတာက ကံကောင်းသည်ဟုပြောရမည်ဖြစ်သည်။

မေတို့သန့်ရှင်းရေးလုပ်ပြီးတဲ့အခ်ျိန်လောက်မှာတခြားသူများလဲနိုးလာကာ မနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့အတွက် ကပျာကယာပြင်ဆင်ကြတော့သည်။ PTမသွားခင်kitစစ်အုံးမည်လေ။ အစနေ့မှာ kitမထိရေးတို့အရေးဖြစ်တာကြောင့်
မေလဲကိုယ့်အခန်းကိုယ်ပြန်ကာ သန့်ရှင်းရေးလုပ်ဖို့သွားရသည်။ ဆံချည်တစ်မျှင်ကအစ မကျန်ရလေအောင်ကုတင်အောက်တွေပါသေသေချာချာလိုက်ကြည့်ရသည်။
ထို့နောက်အဆာပြေ ပေါင်မုန့်တစ်လုံးလောက်စားထားလိုက်သည်။ အိပ်ယာနိုးနိုးချင်း တန်းစားရမှကျေနပ်သည့်အတွက် မနက်၎နာရီထထားရသောကိုယ်က ၇နာရီ ၈နာရီထိ မစောင့်နိုင်တော့ပါ။

"ဟူး....."
ကိုယ့်အခန်းကိုစစ်ပြီးကျော်သွားကာမှအသက်ဝဝရှူနိုင်တော့သည်။
မေစဉ်းစားကြည့်တာ လိုက်စစ်တဲ့သူတွေများ မျက်လုံးကောင်းချက်။
မှန်ဘီလူးတပ်ထားသလားထင်ရအောင်ကို တော်တော်နှိုက်နှိုက်ချွတ်ချွတ်ကြည့်နိုင်ကြသည်။

You are My Story (Complete)Donde viven las historias. Descúbrelo ahora