အပိုင်း(၈)

11.6K 410 9
                                    

"မေရေ ထမင်းချိုင့်ထည့်လိုက်အုံးနော်ဟင်းကကျက်ပြီ"

"ဟုတ်မကျူး"

မေဟာပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးမှာလိမ္မော်ရောင်ပါတိတ်ဝမ်းဆက်လေးကိုလိုက်ဖက်ညီစွာဝတ်ဆင်ထားပြီး ခါးထိရှည်သောဆံနွယ်များကို ကြက်ဆံမြီးခပ်ဖွဖွကျစ်ထား၍ မျက်နှာကို သနပ်ခါးပါးပါးနဲ့မိတ်ကပ်ပါးပါးလေးရောလူးထားကာ ယဥ်ယဥ်လေးနဲ့လှနေလေသည်။

"မေတို့ လှနေရော "

"ဟားဟား မကျူးကတော့နောက်ပြီ မလှပါဘူးမကျူးရယ် ကြည့်ပျော်ရှုပျော်ရှိအောင်ပြင်ထားရတာပါ "

"မေက အရမ်းမပြင်ဘဲ ရိုးရိုးလေးနေတာကိုလှတယ်"

"ကဲပါ မကျူးရယ် မုန့်စားချင်ရင်လဲ ပွင့်ပွင့်လင်းလင်းပြောပါ မေဝယ်ကျွေးပါ့မယ်"

"တကယ်ပြောတာပါ တို့ဆိုဆံပင်ကောက်မိတာ အလုပ်ကိုရှုပ်နေရော မနက်ရုံးသွားခါနီးဆို ပုံသွင်းနေရတာနဲ့ မိတ်ကပ်ကိုအဆင့်ဆင့်လိမ်းနေရတာနဲ့ အချိန်ကုန်နေတာ
မေဆို ခေါင်းဖြီး သနပ်ခါးလေးလိမ်းလိုက်ရုံဘဲ ဘာမှလုပ်စရာမလိုဘူး "

"အဟင်းဟင်း"
ငယ်ငယ်ကတည်းက မေ့ရုပ်သွင်နဲ့ပတ်သက်ပြီး တခါမှချီးကျူးခံရတယ်လို့မရှိဖူးပါ။ ကျောင်းတုန်းကလဲ ယောကျ်ားလေးလိုနေတာကြောင့် ယောက်ကလျှာလို့အပြောမခံရတာကံကောင်းတယ်ဟုပြောရမည်ပင်။ တက္ကသိုလ်ရောက်လို့ဆံပင်ရှည်
စထားတော့လဲ အရင်ကထက်ပိုအဆင်ပြေလာတယ်ပြောရပေမဲ့၊ထိုအချိန်ကအိမ်ကအငယ်မက အပျ်ိုပေါက်၁၆ ၁၇အရွယ်ဖြစ်လာကာ သူကအလှကြီးလှလာတာကြောင့် ပတ်ဝန်းကျင်ကလူတွေရောအမျိူးတွေရောက သူ့ကိုသာသတိထားမိကြကာ မေ့ကိုတော့ မျက်စိထဲကိုမမြင်ကြတော့ပါ။ အခုလို ကိုယ့်ကိုလှကြောင်းချီးကျူးတော့ ကိုယ့်အကြောင်းကိုယ်သိတာကြောင့်ဘာပြန်ပြောရမှန်းမသိဘဲ ၊ရီဘဲနေလိုက်တော့သည်။ တကယ်တော့ မေကမိတ်ကပ်မလိမ်းချင်တာမဟုတ်ဘဲ မလိမ်းတတ်တာဖြစ်သည်။ powderလေးရိုက်ရုံလောက်ဘဲ လုပ်တတ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် မိတ်ကပ်မလိမ်းတတ်ပါ။ ဆံပင်ရှည်ကလဲ ပိုက်ဆံကုန်မှာစိုးတာရယ်၊ နှမြောတာရယ်ကြောင့် ဘာမှမလုပ်ဘဲ အဲ့တိုင်းထား
ထားတာဖြစ်သည် ။
တချိန်က အဲ့လိုမပြင်တတ်မဆင်တတ်တာ ကိုအားငယ်ခဲ့ပေမဲ့ အခုတော့ အလုပ်ရှုပ်သက်သာသည်ဟုသာတွေးမိသည်။

You are My Story (Complete)Onde histórias criam vida. Descubra agora