အိမ်ထောင်သက်၁၀လအကြာ .......
ဒီနေ့က သင်္ကြန်မတိုင်ခင်တစ်ရက်ဖြစ်ပြီး မေနဲ့ကို့ရဲ့ ဟန်းနီးမွန်းခရီးစဥ်လေးစထွက်မဲ့နေ့လဲဖြစ်သည်။ မင်္ဂဆောင်ပြီးကတည်းက နှစ်ယောက်လုံး အလုပ်တွေနဲ့မအားလပ်ကြတာကြောင့် ရက်ရှည်ခရီးထွက်ဖို့က မဖြစ်နိုင်ခဲ့ပါ။ ဒါကြောင့် ဒီနှစ် သင်္ကြန်မှာ ဘယ်မိဘဘက်မှ မပြန်ဘဲ နှစ်ယောက်တည်း ပုဂံကို ခရီးထွက်ကြမည်ဖြစ်သည်။
ပုဂံမြေဟာ မေ့အတွက်တော့မရောက်ဖူးတဲ့နေရာတစ်ခုတော့ မဟုတ်ပါ။ ဖခင်ဖြစ်သူက အညာဇာတိမို့ ငယ်စဥ်ကတည်းက အခေါက်ခေါက်အခါခါရောက်ခဲ့ဖူးသောနေရာတစ်ခုဘဲဖြစ်သည်။ သို့ပေသိ ပုဂံမြေရဲ့ လျှို့ဝှက်စွမ်းအင်တစ်ခုလို့ဘဲပြောရမလား ရောက်ဖူးသူတိုင်းက မရိုးအီနိုင်ဘဲ ထပ်ခါထပ်ခါသွားချင်ကြသလို မလာရောက်ဖူးသူများကိုလဲ လာချင်စိတ်ပြင်းပြစေသော ဓာတ်တစ်မျိုးရှိသည်ထင်သည်။
flightနဲ့သွားရင် မြန်မြန်လဲရောက် ခရီးလဲမပန်းတော့ပေမဲ့ အညာမြေရဲ့သဘာဝအလှကို လက်လွှတ်ဆုံးရှုံးသွားရပေလိမ့်မည်။ ကောင်းကင်ထက်က ငုံ့ကြည့်လို့မြင်ရတဲ့အလှထက် မြေပြင်ထက်က အလှတရားတွေက ပိုအမှတ်တရတွေကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့် မေနဲ့ကိုနဲ့ ကားနဲ့ဘဲ ပုဂံကိုခရီးနှင်လာကြသည်။မေတို့ မကွေးမြို့ရဲ့ အထင်ကရဖြစ်တဲ့ မကွေးမြသလွန် စေတီတော်ကြီးကိုဝင်ချင်တာကြောင့် နေပြည်တော်ကနေ မန္တလေး မဆင်းဘဲ တစ်ပတ်သီးသန့်ပတ်ကာ ခရီးနှင်လာကြတာဖြစ်သည် ။
နေပြည်တော်ကနေ မနက်အစောကြီး ထွက်လာကြသည်မို့ မကွေးကို နေ့လည်ထမင်းစားချိန်အမှီရောက်ကာ ခရီးတစ်ထောက်နားခဲ့ကြသည်။
ဒီဘုရားကြီးကိုရောက်ရင် လာရောက်တဲ့ဘုရားဖူးတွေကို ပထမဆုံးဆွဲဆောင်တာကတော့ ဘုရားရှေ့ပရဝိုက် မှာရောင်းနေတဲ့မုန့်ဆိုင်တန်းတွေဘဲဖြစ်သည် ။
နွေရာသီရဲ့အပူလောင်ဆုံးချိန်ဖြစ်တာမို့
ရွှေရင်အေး မုန့်လက်ဆောင်းနဲ့ အအေးဆိုင်တွေက မပါမဖြစ်ရှိလို့နေကာ မြန်မာမုန့်တွေဖြစ်တဲ့ မုန့်လုံးကြီး မုန့်ကျွဲသည်း မုန့်လိပ်ပြာ နောက်အညာမြေလာမှစားရတဲ့ ထန်းသီးမုန့်စသဖြင့် ဗန်းထဲမှာအမျိုးအစားအလိုက်စီထားကာ ရောင်းနေကြတဲ့ စျေးသည်အန်တီကြီးများကလဲ မနည်းမနောပင်။
နောက် နွေရာသီဆိုတာနဲ့ တမ်းပြေးသတိရတာက သရက်သီးပေါ်ချိန်မို့ သရက်သီးမဆလာသည်များကလဲ တစ်ဆိုင်နဲ့တစ်ဆိုင် အရသာမတူအောင် လုပ်ရောင်းကြသည်။ ဒါ့အပြင် ခေါက်ဆွဲသုပ် ကြာဇံသုပ် သင်္ဘောသီးသုပ် အာပူလျှာပူဆိုင်များ၌လည်း ဘုရားဖူးများ ထမင်းစားနားနေကြကာ လူတွေအပြည့်ဘဲဖြစ်သည်။
ESTÁS LEYENDO
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...