အပိုင်း (၂၂)

10.6K 375 9
                                    

ဒီကနေ့မှာတော့ ၂လကျော် ၃လနီးပါးတက်ခဲ့ရတဲ့ဖောင်ကြီးသင်တန်းဟာ ပြီးဆုံးခဲ့လေပြီ။ သင်တန်းတက်နေတုန်းက အရမ်းပင်ပန်းခဲ့ပေမဲ့ အခုလိုပြန်ရမဲ့နေ့ကျပြန်တော့လဲ ဝမ်းနည်းသလိုလေးတော့ခံစားရပြန်သည်။ ဒီသင်တန်းကြီးမှာဆုံခဲ့ရတဲ့မိတ်ဆွေတွေက ခဏတာတွေ့ဆုံမှုသာဖြစ်ပြီး ကိုယ်စီတာဝန်ကျရာဌာနများကိုပြန်ကြရတော့မည်ဖြစ်သည်။ ဒီနှစ်အတွက် အထူးချွန်ဆုံးအမျိုးသမီးသင်တန်းသားဆုကိုကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာမမတစ်ယောက်ရသွားတာဖြစ်ပြီး ယောကျ်ားလေးဘက်မှာတော့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကရသွားသည်ဟုသိလိုက်ရသည်။ ဒီသင်တန်းဟာ မေတက်ဖူးသမျှသင်တန်းတွေထဲ ဘာဆိုဘာမှမကြိုးစားခဲ့ဘဲ အေးအေးလူလူဖြတ်သန်းခဲ့တဲ့တစ်ခုတည်းသောသင်တန်းလဲဖြစ်သည်။ သို့ပေသိအထက်လူကြီးမှ ပထုတ်လိုက်သောကြောင့် ရောက်လာတဲ့မေက ဆုပိုက်ပြီးပြန်သွားရင်တော့ အထက်လူကြီးမျက်နှာကိုဖြတ်ရိုက်သလိုဖြစ်သွားမည်မှာသေချာသည်မို့ ဘာဆုမှမရခဲ့တာကိုက ကံကောင်းခြင်းတစ်ခုလိုဖြစ်သွားတော့သည်။

"မေရေ သင်တန်းပြီးသွားလဲ တို့တွေအဆက်အသွယ်မပြတ်ဘဲနေကြမယ်နော် အကူအညီလိုရင်လဲ အချိန်မရွေးပြော
ကြားလား  မကွေးရောက်ရင် အစ်မကိုသာ သတိရလိုက် အကုန်အဆင်သင့်ဖြစ်စေရမယ် "

"စိတ်ချပါ မဖူး မေလာလည်မှာပါ
မေ့ကိုလဲ မေ့မသွားနဲ့အုံးနော် "

"မမေ့ပါဘူးတော် တစ်ခါမိတ်ဆွေဖြစ်ဖူးရင် တစ်သက်လုံးမိတ်ဆွေဘဲ
ကဲ အဲ့ဆို ကားကရောက်နေပြီ အစ်မအရင်ပြန်နှင့်ပြီနော် "

"ဟုတ် ဂရုစိုက်ပြန်နော် မဖူး "

"မေရောဘဲ ဆရာခန့်ကိုလဲ နှုတ်ဆက်တယ်ပြောလိုက်အုံးနော် "

"ဟုတ် မဖူး "

"အဲ့ဆို သွားပြီဟေ့ နောက်မှတွေ့မယ် "

ထို့နောက်ပြန်ရမဲ့အလှည့်က မေ့အလှည့်ရောက်လာပြီဖြစ်သည်။ဏ္ဍ မေနေပြည်တော်မပြန်မသေးဘဲ
မေ့ဇာတိမြို့လေးဖြစ်တဲ့ပြည်မြို့ကို အရင်ပြန်ပါအုံးမည်။ ထို့ကြောင့်လဲ ကိုက စိတ်ကောက်သွားသေးသည်။ သူကအတူတူပြန်ဖို့လုပ်ထားပေမဲ့ မေက မပြန်ဖြစ်တော့ ကိုယ်တော်ချောက စိတ်ဆိုးသွားပါလေရဲ့

You are My Story (Complete)Tempat cerita menjadi hidup. Temukan sekarang