မနက်မိုးလင်း ၆နာရီထိုးပြီဆိုတာနဲ့
alarmပေးစရာမလိုတဲ့ မျက်လုံးတစ်စုံက အလိုလိုနိုးလာတော့သည်
ဒီနေ့မနက်အိပ်ယာနိုးတော့လဲ ခန့်တည်ပိုင်တစ်ယောက် ရင်ဘတ်ပေါ်မှာ တစ်ခုခုဖိထားသလို ခံစားရပြန်တာကြောင့်
ငုံ့ကြည့်လိုက်တော့ တခြားမဟုတ် ကိုယ့်မူပိုင်အလေးတုံးလေးကိုတွေ့လိုက်ရသည်
အိပ်ရေးပုတ်တဲ့ ချစ်ဇနီးလေးကို ဘေးကခေါင်းအုံးပေါ်ပြောင်းရွှေ့ အိပ်စေလိုက်ကာ
ကိုယ်တိုင်ကတော့ မနေ့ညကရေမချိုးလိုက်ရတဲ့အပြင်ဆေးတွေပါ လိမ်းထားတာကြောင့် စေးကပ်ကပ်ဖြစ်နေတဲ့ခန္ဓာကိုယ်ကို ရေအမြန်ချိုးဖို့ပြင်ရသည်အောက်ထပ်ဆင်းလာတော့ ကန်ရေဖြည့်နေတဲ့ ဖိုးဖိုးကို တွေ့လိုက်ရသည်
"ဖိုးဖိုး "
"အေး မင်း ရေခ်ျိုးမလို့လား အစောကြီးပါလားကွ "
"ဟုတ် ဖိုးဖိုး ချွေးတွေနဲ့စေးထှိုင်းထှိုင်းဖြစ်နေလို့ "
"အေးအေး ချိုး ချိုး အဘ ရေတင်ထားတယ် အဝချိုးလို့ရတယ် ဇလားထဲဖြည့်ပေးရမလား ဒီတိုင်းချိုးမှာလား "
"ဒီတိုင်းဘဲ ချိုးလိုက်မယ် ဖိုးဖိုး "
"အေးအေး မြေးမတွေကတော့ ကန်ရေဆိုအေးလို့ မချိုးကြဘူး ခဏနေရင် သူတို့မျက်နှာသစ်ဖို့ရေခံထားရမယ် "
"ဟုတ်ကဲ့ "
ခန့်တည်ပိုင်လဲ ခေါင်းပေါ်ကနေရေတစ်ခွက်လောင်းချလိုက်တော့ တစ်ကိုယ်လုံးအေးမြသွားကာ ကြည်လင်လန်းဆန်းသွားရသည် ရေက နည်းနည်းအေးပေမဲ့ ချိုးကောင်းကာ ထပ်ခါထပ်ခါချိုးချင်စိတ်ဖြစ်စေသည်
"ကောင်လေး ဒီမှာ ဆပ်ပြာ
အဝတ်လျှော်မှာဆို ရော့ ဒီမှာဆပ်ပြာမှုန့်ဘူး တို့တွေက ဟို အမွှေးဆီတွေ ဘာတွေတော့ မသုံးတော့ မရှိဘူးကွ ""ဟုတ် ရပါတယ် ဖိုးဖိုး "
ခန့်တည်ပိုင်တစ်ယောက် မနေ့ကဝတ်လာတဲ့ သူ့အဝတ်တွေရော မေ့အဝတ်တွေရောတွေ့လို့ တစ်ခါတည်းယူလာခဲ့လိုက်ကာ ရေကန်ဘေး ဆောင့်ကြောင့်ထိုင်ပြီး ကန်ရေအေးအေးနဲ့ စိမ်ပြေနပြေလျှော်နေလိုက်သည်
YOU ARE READING
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...