မေအခု အိမ်အပြန်လမ်း ကားပေါ်မှာဖြစ်သည်။ ဒါပေမဲ့ နေပြည်တော်ကိုမဟုတ်ဘဲ ပြည်ကိုပြန်နေတာဖြစ်သည်။ ကားကတရွေ့ရွေ့ နဲ့ ခရီးပေါက်လာလေလေ မေ့မှာအသတ်ခံရဖို့ နီးလာနေသလို ခံစားနေရသည်။
မေအဲ့လိုခံစားနေရတာရဲ့အဓိကတရားခံကတော့ ဘေးမှာအေးအေးလူလူ ထိုင်နေတဲ့
ထိုပုဂ္ဂိုလ်ကြီးကြောင့်ဘဲဖြစ်သည်။
မေ...ကြည့်နေရင်းကိုအမြင်ကတ်လာတာကြောင့်မျက်စောင်းထိုးမိတော့သည်။
မနေ့ကဘဲ လက်ထပ်ခွင့်တောင်းတာကိုလက်ခံလိုက်တာ ဒီနေ့ကျ ပြည်ကို တင်တောင်းဖို့ဆိုပြီး သူ့မိသားစုကိုရော မေ့ကိုပါ အတင်းဆွဲခေါ်လာသည်။ အန်တီနဲ့ဉီးကတော့ နည်းနည်းပြာယာခတ်သွားရုံဆိုပေမဲ့ မေ့မှာတော့ ဘုရားတနေရတဲ့အဆင့်ရောက်နေပြီဖြစ်သည်။ မေမေက သူနဲ့တွဲနေတာကို အစကတည်းကသိထားပြီး လက်ခံပေးပေမဲ့ အဖိုးနဲ့အဖွားကတော့ ဘာဆိုဘာမှသိမထားပါ။
ယောက်ျားယူဖို့နေနေသာသာ သူတို့မြေးမှာ ရည်းစားမရှိဘူးလို့ကိုထင်နေကြတာဖြစ်သည်။ ညီအစ်မနှစ်ယောက်မှာ အချိန်တန်လျှင် ဟန်သာကသာ ယောက်ျားယူချင်ယူနိုင်ပေမဲ့ မေကတော့ အပျိုကြီးသေချာပေါက်လုပ်မှာဟု တွေးထားကြတာကြောင့် အခုတော့ သူတို့ ယုံကြည်ထားတဲ့မြေးမလေးက နောက်ကျောဓားနဲ့ထိုးသလိုခံစားနေရတော့မည်ထင်သည်။
အထူးသဖြင့် အဖိုးပေါ့ ။ မေမေငယ်ငယ်တုန်းကလည်း ရည်းစားစကားလိုက်ပြောတဲ့သူတွေဆို လေးခွနဲ့လိုက်ပစ်ခဲ့သေးသည်။ သမီးတောင်အဲ့လောက်နှမြောခဲ့တာ မြေးကျတော့ ပိုဆိုးပါတော့သည်။ ငယ်ငယ်တည်းက ညီအစ်မနှစ်ယောက်လုံးကို ယောက်ျားလေးသူငယ်ချင်း လုံးဝ လုံးဝမထားခိုင်းခဲ့ပါ။ နွဲ့တဲ့တဲ့ကောင်လေးတွေနဲ့စကားပြောမိရင်တောင် ဂန်ဒူးလည်း ယောက်ျားထဲကယောက်ျားဘဲ အပေါင်းအသင်းမလုပ်ရဘူးလို့တောင် ပြောခဲ့သည်။ ဟန်သာကတော့ ယောက်ျားလေးသူငယ်ချင်းတွေ အများကြီးထားပေမဲ့ အဖိုးနဲ့အဖွားရှေ့ကျ ယောက်ျားလေးနဲ့အဆက်အဆံကိုမရှိသလို မျက်နှာပြောင်ကာ ဟန်ဆောင်တတ်သေးသည်။
မေကတော့ အထက်တန်းကျောင်းရော တက္ကသိုလ်မှာပါ ယောက်ျားလေးအပေါင်းအသင်းကိုမရှိခဲ့တာပင်။ အလုပ်ခွင်ကျမှသာ စကားပြောဖူးဆိုဖူးရှိတာဖြစ်သည်။ အခုတော့မေ့လုပ်ပုံက ဘာမပြောညာမပြောနဲ့ ယူမဲ့သူပါတခါတည်းအိမ်ပေါ်ခေါ်လာခဲ့သလိုဖြစ်နေတော့သည်။ တော်သေးတာက ပြည်ပြန်ရောက်နေတဲ့
ဟန်သာ့ကိုအကူအညီတောင်းလိုက်တော့ ဟန်သာက မေမေ့ကိုပြောပြကာ အဖိုးနဲ့အဖွားကို ကို့အကြောင်း ပြောပြပေးထားသည်။ ဟန်သာကတော့ မေတစ်ယောက်တည်း အိမ်အရင်ပြန်လာပြီး
ကိုတို့ကိုhotelမှာ ထားခဲ့ဖို့ပြောသည်။
အဲ့ဒါကြောင့်မေ့မှာ ရင်ဆိုင်ရမယ့်တိုက်ပွဲကြီးကို ကြိုတွေးကာ စိုးရိမ်သောကရောက်နေရသည်။ ဒါကို ဘာမှမသိတဲ့ လူကြီးက မျက်နှာစပ်ဖြီးဖြီးနဲ့ စကားလာပြောနေသေးသည်။
KAMU SEDANG MEMBACA
You are My Story (Complete)
Romansa"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...