အပိုင်း(၁၂)

10.6K 407 7
                                    

မေတို့ မနက်၆နာရီခွဲလောက်မှာ မြူနှင်းတွေကြား၌ 'ဗဟိုဝန်ထမ်းတက္ကသိုလ်'ဟူသောဆိုင်းဘုတ်ကြီးကို စတင်မြင်တွေ့ရတော့သည်။
ထိုဂိတ်ပေါက်မှ အဆောင်များရှိရာဆီသို့အတော်လေးမောင်းလိုက်ရသေးသည်။

"မေ.. အဆောင်ကိုရောက်တာနဲ့
အပြင်ထွက်လို့ကမရတော့ဘူး
တကယ်လို့လိုအပ်တာရှိရင်ဆရာ့ကိုဖုန်းဆက်နော် နေမကောင်းဖြစ်ရင်လဲဆက်
နောက်ပြီးရောက်တာနဲ့ပစ္စည်းတွေအရင်ချ ပြီးတာနဲ့ဌာနကိုသတင်းသွားပို့ရမယ်
ဒါနဲ့အဆောင်က ဇေယျနော်မသိမှာစိုးလို့ကြိုပြောထားတာ ေနာက်ပြီးထမင်းစားဆောင်သွားတိုင်းဆရာထည့်ပေးလိုက်တဲ့ဟင်းတွေကိုယူသွားနော်
စားရတာတော့သိပ်အဆင်ပြေမှာမဟုတ်ဘူးဒါမဲ့သည်းခံနော် ၁လပြည့်ရင်out passထွက်လို့ရပြီ အဲ့ကျမေစားချင်တာဆရာအကုန်ဝယ်ကျွေးမယ်"

"ဆရာကလဲ မေက ကလေးမဟုတ်တော့ပါဘူး ၂၆နှစ်တောင်ရှိနေပြီ ကိုယ့်အားကိုယ်ကိုးတတ်ပါတယ်နော်"

"ဟုတ်ပါပြီ ဆရာကမေတစ်ယောက်ထဲယောင်လည်လည်ဖြစ်နေမှာစိုးလို့ပြောပြတာ
အဓိက အရေးအကြီးဆုံးမှာရအုံးမယ် kitထိလို့မဖြစ်ဘူးနော် မေ"

"ဟုတ် "

"နောက်ပြီးအကုန်လုံးနဲ့အဆင်ပြေအောင်နေနော် ဒီမှာကမိတ်ဆွေများမှကိုယ့်အတွက်ပိုအဆင်ပြေတာ "

"ဟုတ်"

"အင်း လိမ္မာတယ်"

အစစအရာရာစိတ်ပူကာအဘိုးကြီးလိုတတွတ်တွတ်မှာနေသောဆရာ့ကိုကြည့်ပြီးမေ ကြည်လဲကြည်နူးရသလို ရီလဲရီချင်လာတော့သည်။ ဘယ့်နှယ့်အခုဆရာ့ပုံစံက စစ်မြေပြင်ကိုလွှတ်လိုက်ရမဲ့သားဖြစ်သူကို တဖွဖွမှာနေသောမိခင်သဖွယ်ဖြစ်နေသည်။ ဆရာလဲဘဲဒီမှာသင်တန်းသားဘဲဆိုတာကိုတော့မေ့နေပုံရသည်။

"အမျိုးသမီးဆောင်ကိုရောက်ပါပြီ"

"သွားတော့နော်မေ ဆရာလိုက်ပို့လို့ကမရဘူး ကားပေါ်ကသတိထားဆင်းအုံး
ညကျဖုန်းဆက်လိုက်မယ်နော်"

"ဟုတ်ဆရာ မေသွားပြီနော် ဆရာလဲဂရုစိုက်ပါ"

အဆောင်ထဲကနေ အခြားအမျိုးသမီးဝန်ထမ်းတွေထွက်လာကာပစ္စည်းကူသယ်ပေးကြလို့တော်သေးသည်မဟုတ်ရင် အထုပ်၂ထုပ်နဲ့ခြင်း၁ခြင်းဆိုတော့ မေ မနိုင်မှာစိုးရိမ်နေတာ ကိုယ်သယ်ပေးပြီးဝင်ထားလို့ကလဲမရတော့
ခုလိုအဆင်ပြေသွားတော့တော်သေးတယ်လို့ပြောရမည်။

You are My Story (Complete)Tempat cerita menjadi hidup. Temukan sekarang