အပိုင်း(၅၅)

9.8K 352 20
                                    

မေ့ရဲ့ကျန်းမာရေးအခြေအနေက ၂လကျော်လောက် အကြာမှာတော့ တစ်ဆင့်တိုးတက်လာပြီဘဲပြောရမလား အရင်က ဘာမှစားမဝင်တဲ့အနေအထားကနေ အသီးအနှံတွေကိုတော့စားနိုင်လာပြီဖြစ်သည်။ အခုဆို အိမ်မှာ အိမ်အကူအန်တီကြီးခေါ်ထားပြီဖြစ်ပြီး မနက်ဆိုရောက်လာကာ ထမင်းချက် အိမ်သန့်ရှင်းရေးနဲ့ အဝတ်လျှော်ပေးပြီး ညနေကျ နေပြည်တော်က ကို့အိမ်မှာ လူအစောင့်အနေနဲ့ပြန်အိပ်သည်။
ဒါကြောင့် အခုတလောတော့ ကိုလဲ တော်တော်လေးသက်သာလာပါပြီ ။
မေကတော့ ရုံးမသွားနိုင်သေးဘဲ အိမ်မှာဘဲ တစ်နေ့တစ်နေ့ ကိုရုံးပြန်အလာကို မျှော်နေရသည်။ အခုလဲ ညနေ၅နာရီကျော်နေပြီဖြစ်ပေမဲ့ ကိုက ရုံးကပြန်မရောက်လာသေးပါ။

"အန်တီ ဒီနေ့ဘာချက်လဲ "

"ဒီနေ့ ဆရာစားချင်တယ်ဆိုလို့ မျှစ်ချဥ်နဲ့ငါးခေါင်းနဲ့ ဟင်းရည်သောက်ချက်တယ် သမီး ပုစွန်အချိုကြော်လေးနဲ့ "

"ဟင် ကိုက ငါးခေါင်းဟင်းရည်ကြိုက်တယ်လား သမီးတော့ညှီလို့မကြိုက်ဘူး "

"အဟင်းဟင်း ကြိုက်တဲ့သူကျ မညှီဘူးပေါ့သမီးရယ်"

အဲ့ဒါကြောင့်ထင်သည်။ အိမ်ထောင်ကျပြီးခါစက တစ်ခါငါးခေါင်းပိုနေလို့ဆိုပြီး ချက်ဖူးသေးသည်။ ထိုနေ့က မေ ထမင်းသုပ်ကြက်ဥကြော်နဲ့သာစားလိုက်ရသည်။
ကိုက မေမကြိုက်မှန်းသိလို့ နောက်တစ်ခါထပ်မချက်တော့တာဖြစ်မည်။ မေလဲ ကိုကြိုက်တဲ့ဟင်းမှန်း တကယ်ကိုမသိခဲ့တာပင် ။

"အန်တီ ထမင်းလေးပြန်နွေးထားလိုက်ပါအုံးနော် ဟင်းရည်ကတော့ ကို.. လာမှပြန်နွေးပေးပါ "

"ဟုတ်ပြီ သမီး အန်တီလုပ်လိုက်မယ် "

မေလဲ အိမ်ထဲမှာ စောင့်နေရတာပျင်းလာတာနဲ့ အောက်ထပ်ဆင်းစောင့်ဖို့ပြင်လိုက်သည်။

ရာသီက ဆောင်းရာသီအချိန်အခါမို့ ညနေစောင်းတာနဲ့ မှောင်ရိပ်ပျိုးလာတော့၏။ တစ်နေကုန်တိုက်နေတဲ့ ဆောင်းလေအေးအေးက အခုချိန်မှာတော့ငြိမ်သွားပြီဖြစ်သည်။ မေ တိုက်ခန်းရှေ့ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ စောင့်နေရင်း တော်တော်နဲ့ မလာသေးတာမို့ ချမ်းကလဲချမ်း ခြင်ကလဲကိုက်မို့ အပေါ်ပြန်တက်ရတော့သည်။

You are My Story (Complete)Tempat cerita menjadi hidup. Temukan sekarang