အပိုင်း(၁၉)

11.1K 420 18
                                    

သောကြာနေ့ ညနေလောက်မှပြန်ရတော့ရန်ကုန်ကို ည၇နာရီလောက်မှရောက်သည်

"ဟိတ် ငါဒီမှာ"
ကားပေါ်ကဆင်းရုံနဲ့ကို ဟန်သာက လာကြိုနှင့်နေလေသည်

"နင့်ကိုလာလာကြိုနေရတာလဲ
အလုပ်ဘဲဟေ့"

"အမယ် နင်အဆင်ပြေမပြေငါကလာကြည့်ရတာလေ နင်ကလာတော့ကြိုရမှာပေါ့"

"မသိရင်ခက်မယ်နော် သူ့ချစ်ချစ်ကြီးနဲ့ တူတူလည်ချင်လို့လာတာကိုများ ငါ့ထိုးချနေပြန်ပြီ"

"ဟီးဟီး နင်ကလဲဟယ်
ငါတို့မှာ တစ်ပတ်မှာတစ်ခါတွေ့ပြီး တစ်လမှတစ်ခါလောက်ဘဲ တူတူလည်ရတာ နားလည်ပေးပါဟာ"

"အေးပါဟာငါလဲစကားအဖြစ်ပြောတာပါ
ဘယ်လိုလဲပြောစမ်းပါအုံး ဖောင်ကြီးမှာရည်းစားထားရတဲ့အတွေ့အကြုံလေး"

သိပ်မပြောချင်ရှာသော မေကတော့တက္ကစီပေါ်မှာတစ်လမ်းလုံးပေါက်ပေါက်ဖောက်လာေလသည်

"ဟယ်လို အမေ"

"ဇွန်လေးကိုသွားခေါ်ပြီးပြီ
ခုရောက်ပြီအမေ့"

"အင်းပါ"

"အဲ့ဆိုဒါဘဲနော်"

"ဘယ်သူလဲ"

"နင့်အမေ"

"ဟဲ့ပြောပုံကကြည့်အုံး ၂ယောက်လုံးအမေလေ "

"မဟုတ်ဘူး အမေကနင့်ဘဲမျက်လုံးထဲမြင်တာ ဒီအရွယ်ရောက်နေပြီစိတ်မချနိုင်သေးဘူး ဒေါ်မေစန္ဒာတစ်ယောက်ကိုအံ့သြပါ့"

"ဒါနဲ့နင့်ကိုမေးရအုံးမယ် အမေ့ကို ကိုကြီးခန့်အကြောင်းမပြောရသေးဘူးလား"

"အေး ငါမပြောရဲဘူး"

"နင့်ဘဝမှာပထမဆုံးရည်းစားထားတာ အမေ့ကိုပြောရမှာပေါ့ ငါဆိုရည်းစားရလဲပြောတယ်ပြတ်လဲပြောတယ်"

"ငါကနင့်လောက်မရဲဘူးလေဟာ"

"ဘာမှပူစရာမရှိပါဘူးဟာနင့်အသက်၂၆နှစ်ရှိနေပြီ အလုပ်လဲရပြီနောက်ပြီးရတဲ့ရည်းစားကလဲနယ်နယ်ရရမှမဟုတ်တာဟယ် ငါသာဆိုဂုဏ်ယူလွန်းလို့က,ပြောတယ်"

"နေပါအုံးဟာစောပါသေးတယ်
နောက်နည်းနည်းကြာမှဘဲငါအမေ့ကိုအသိပေးတော့မယ်"

You are My Story (Complete)Onde histórias criam vida. Descubra agora