ဒီနေ့က မေနဲ့ကိုရဲ့ မင်္ဂလာဉီးဆွမ်းကျွေးနေ့လေးဖြစ်သည် အမေနဲ့ဟန်သာလဲ မနေ့ကရောက်လာကြကာ အဖိုးနဲ့အဖွားကတော့ ခရီးဝေးမိုလို့ မလာနိုင်ကြပါ
ဟန်သာတစ်ယောက်ကတော့ final yearရောက်နေပြီဖြစ်ပြီး ဘွဲ့ယူဖို့ ပရောဂျက်လုပ်နေတဲ့ကြားက အစ်မအားငယ်မှာစိုးလို့ဆိုပြီး ရောက်အောင်လာရှာပါသည်
မေနဲ့ကိုရော နှစ်ဖက်မိဘတွေရော အကုန်လုံး ကိုတို့ရဲ့ နေပြည်တော်က အိမ်မှာ စုနေကြကာ လိုအပ်တာတွေကို အသီးသီးပြင်ဆင်နေကြသည်
ကို့ရဲ့နေပြည်တော်က အိမ်လေးက တစ်ထပ်တိုက်လေးဖြစ်ပြီး ဆောက်ထားပုံက အလွန်ချစ်စရာကောင်းလှသည်
အိမ်ရှေ့တွင်တော့ မန္တလေးက အိမ်ကလောက်မကြီးတဲ့ ကံ့ကော်ပင်တစ်ပင်စိုက်လို့ထားသည် ကိုက တနင်္လာသားမို့ ကံကော်အောင် ကံ့ကော်ပင် စိုက်ပေးထားတာဖြစ်မည်ထင်သည် အိမ်လေးက မိုးပြာရောင်လေးဖြစ်ပြီး အိပ်ခန်း ၄ခန်းပါကာ မကျယ်မကျဉ်းလေးနဲ့ အတော်နေချင်ဖွယ်ကောင်းပါသည်မေ ပွဲမတိုင်ခင်တစ်ရက်မှာ ကို့ကို အရိပ်တောင် မတွေ့ရပါ ဘာ့ကြောင့်လဲဆို အစ်ကိုတော်က ဘုန်းကြီးကျောင်းကိုသွားပြီး အလှူအတွက် ချက်တာကို သွားကြီးကြပ်နေလို့ဖြစ်သည်
မေ ကတော့ ဘာအလုပ်မှမရှိ ဟိုယောင်ယောင်ဒီယောင်ယောင်သာ လုပ်စရာရှိပါသည်
ပွဲနေ့ကျ မနက်အစောကြီး မိတ်ကပ်လိမ်းဖို့ထရသည် လိမ်းရမဲ့သူက မေ အပါအဝင်မှ ၄ယောက်ဘဲရှိတဲ့အပြင် ပွဲကြီးလဲမဟုတ်တာကြောင့် မိတ်ကပ်ဆရာမခေါ်တော့ပါ
အမေနဲ့ မေ့ကို ဟန်သာက ပြင်ပေးပြီး
ကို့မေမေကတော့ သူ့ဘာသာ ပြင်သည်
ဟန်သာ့ရဲ့ မိတ်ကပ်ပြင်နည်းက မြန်မာနိုင်ငံကပွဲတွေမှာလိမ်းတဲ့ပုံစံလို မူလမျက်နှာတောင်မပေါ်တော့တဲ့ထူလပျစ်တွေမဟုတ်ဘဲ ကိုရီးယားဆန်ဆန် ပြင်တာဖြစ်သည် မေဝတ်ရမဲ့အချိတ်က အဖြူကိုမှ စိမ်းပြာရောင်စီးကွမ့်လေးတွေနဲ့မို့ ဟန်သာက eyelinerရော နှုတ်ခမ်းနီရော လိမ္မော်ရောင်လေး ပြင်ပေးကာ
မိတ်ကပ်ကို ပါးပါးညက်ညက်လေးလိမ်းပေးသည် မျက်တောင်အတုကိုလည်း အကြီးကြီးတွေမတပ်ဘဲ ခပ်သေးသေးလှလှလေးတပ်ပေးသည်
မေက ဆံထုံးထုံးချင်တယ် တောင်းဆိုတာကြောင့် သူက ခပ်ဖွဖွ ပြေပြလေး ထုံးပေးလေသည်
VOCÊ ESTÁ LENDO
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...