ရှင်ပြုအလှူပြီးတော့ ကလေးနှစ်ယောက်နဲ့အိမ်ပြန်လာရပြီး ဟိုဘုန်းဘုန်းနဲ့ကိုရ
င်ပေါက်စကတော့ ကျောင်းမှာကျန်နေခဲ့ပြီဖြစ်သည်။"မေမေ ဖေကြီးရော ၅နာရီထိုးနေပြီယေ မိုင်မိုင်မုန့်စားချင်တယ် "
"သားလဲ စားချင်ယယ်"
"ဟော အဲ့ဒါမှခက်ပြီ"
ကလေးတွေကို ညနေရုံးဆင်းချိန် အမြဲမုန့်တွေဝယ် ဝယ်ကျွေးပြီး ရုံးမတက်ရတဲ့ရက်လဲ လိုက်ဝယ်ကျွေးတဲ့အကျင့်ကြီး လုပ်ထားတာ အခုတော့ ကလေးနှစ်ယောက်လုံး က မျက်စိရှေ့မုန့်ရောက်မလာကြသေးလို့
မအေကို အကြွေးတောင်းတဲ့ရုပ်နဲ့လာ
ကြည့်နေကြသည်။"မုန့်ဝယ်ပေးမဲ့ နင်တို့ဖေဖေမရှိဘူး အိမ်မှာရှိတာဘဲစားတော့ အသီးစားပါလား ရေခဲသေတ္တာထဲမှာရှိတယ် မေမေယူပေးမယ်လေ"
"ဟင့်အင်း ကြိုက်ဘူး"
"စားချင်ဘူး""အဲ့ဆို သွား တီလေးသွားပူဆာချေ လိုက်ပို့ပေးလိမ့်မယ်"
"တီတီရှိဘူး "
"အော်ဒုက္ခ အငယ်မကလဲ ဘယ်ကြွမြန်းသွားပြန်ပြီမသိ အသက်၃၀ကျော်လဲ လမ်းကအရမ်းသလားဘဲ "
"မေမေ့ မုန့်မုန့် "
"အေးဟေ့ အေးဟ နောက်ဆုံးတော့ကျွန်တော်မျိုးမဘဲ လိုက်ဝယ်ကျွေးပါ့မယ်ရှင် ကြွပါ "
ကလေးနှစ်ယောက်နဲ့အပြင်ထွက်ဖို့ လုပ်နေတဲ့မေ့ကို ယောက္ခမလုပ်သူမြင်တော့ ခေါ်မေးတော့သည်။
"သမီး ကလေးတွေနဲ့ ဘယ်လဲ"
"ဒီမှာ မေမေရေ မုန့်စားချင်လို့တဲ့ အဲ့ဒါလမ်းထိပ်ခဏသွားဝယ်မလို့ "
"အော် အေးအေးဂရုစိုက်သွားနော်"
"ဟုတ်"
တစ်ဖက်၌လည်း...........
နေ့လည်စာ အလှူထမင်း ရှယ်ဘုန်းပေးပြီး
ထမင်းဆိပ်တက်လာတာနဲ့ နေ့ခင်းတရားထိုင်ပြီးကတည်းက တရေးတမောဝင်ကြိမ်းနေတာကို လက်သေးသေးလေးတစ်ခုက မတန်တဆအားနဲ့ လူကိုလာအတင်းလှုပ်နှိုးနေတာကြောင့် ဆက်အိပ်မရတော့ပေ။"ဘာဖြစ်လို့ လာနှိုးနေတာလဲ ကိုရင် "
"မုန့်စားချင်လို့ "
YOU ARE READING
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...