အရင်ရက်တွေက ညတိုင်း ပွဲစျေးသွားလည် ယိမ်းကားတွေကြည့်ပြီး ပျော်ရွှင်နေတဲ့ မေတစ်ယောက် ဒီနေ့ညမှာတော့ ဘယ်မှမသွားဘဲ အိမ်မှာဘဲ ရှိလို့နေသည်။
ဘာမှတော့ ထွေထွေထူးထူးမလုပ်ဘဲယူလာတဲ့အဝတ်တွေထဲက မနက်ဖြန်ဆရာကန်တော့ပွဲသွားဖို့အတွက် သင့်တော်မဲ့ဟာ ထိုင်ရွေးနေလေ၏။"ဘာဝတ်ရမလဲ မသိဘူး "
"ဘာဝတ်ဝတ်ကိုယ့်မေက လှပြီးသား "
"အဲ့လိုပြောမဲ့အစားကူရွေးပေးတာ ပိုအကူအညီရတယ် ဘယ်ဟာဝတ်ရမလဲဟင် "
"ဒီအစိမ်းပုတ်လေးဝတ်ပါလား ဒါလေးမေဝတ်လိုက်ရင် အသားလေးကို ဝင်းနေမှာ "
"ဘယ်လိုဝင်းဝင်း အဲ့တာမေတစ်ယောက်တည်းရပ်နေမှ ကိုနဲ့ယှဥ်ရပ်ရင် အလိုလိုညိုသွားရော"
"အဲ့ဆို မနက်ဖြန်ကိုယ်တစ်ကိုယ်လုံးအိုးမဲသုတ်လာခဲ့မယ်လေ "
"ကိုနော် မရွဲ့နဲ့ "
"ဟားးဟားစတာပါဗျာ ကိုယ့်မှာလဲ အဲ့လိုအရောင်ပုဆိုးရှိလို့ ဆင်တူဝတ်လို့ရအောင် ရွေးလိုက်တာပါ "
"အင်းပါ အဲ့လိုဆိုလဲ ဒါလေးဘဲ ရွေးလိုက်မယ် "
မေ့မှာ ထိုနေ့ညက မနက်ဖြန်ကိုတွေးစိတ်လှုပ်ရှားပြီး တော်တော်နဲ့ အိပ်မပျော်ခဲ့ပါ။
အ.ထ.က (၅)ကျောင်းတော်ကြီးဆိုတာ မေ့အတွက်တော့အတိတ်ကဝင်္ကပါကြီးတစ်ခုလိုဘဲ။ ထိုဝင်္ကပါထဲက မေ ထွက်လာခဲ့တာ ၁၂နှစ်ရှိပြီဖြစ်သည်။ မနက်ဖြန်မှာတော့ ထိုဝင်္ကပါကြီးထဲကိုအလည်တစ်ခေါက် ပြန်လည်ခြေချဖြစ်တော့မည် ဖြစ်သည်။
ESTÁS LEYENDO
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...