အပိုင်း(၁၆)

11K 417 26
                                    

ဒီနေ့မနက်ဆရာ့ရဲ့ချိန်းဆိုမှုအတွက် ပထမဆုံးအကြိမ်အကြာကြီးပြင်ဆင်ခဲ့ရသည်။ အကြောင်းကတော့ မိဟန်သာမေကြောင့်ဖြစ်သည်။ တစ်ခါမှမဝတ်ဖူးတဲ့အနီရောင်ကတ္တီပါသားကို ကျောက်လေးတွေနဲ့အလှဆင်ထားတဲ့အင်္ကျီနဲ့ အနီရောင်ချင်းလုံချည်ကို မေ့မှာဝတ်ဆင်ထားရသည် ။ ထိုအင်္ကျီနဲ့ ထဘီက အငယ်မက ချုပ်ပေးထားတာဖြစ်ပြီး အစကနေပြည်တော်ကို ထည့်ပေးလိုက်ဖို့လုပ်ထားတာဖြစ်ပေမဲ့ အခုတော့ သူက ဒီနေ့ဝတ်ကိုဝတ်ရမည်တဲ့လေ ။
နောက်ပြီး ဆရာပေးထားတဲ့ပစ္စည်းလေးတွေထဲက အနီရောင်ဖဲသားခေါင်းစည်းကြိုးလေးနဲ့ဆံပင်ကို ခပ်မြင့်မြင့်စည်းပြီး ပုံမှန်လိမ်းနေကျလိုသနပ်ခါးနဲ့မိတ်ကပ်ပေါင်းလိမ်းတာမျိုးမဟုတ်ဘဲ မိတ်ကပ်ချည်းဘဲသပ်သပ်လိမ်းထားသည်။ ထိုအရာအားလုံးကိုတော့ အငယ်မက ပြင်ဆင်ပေးတာဖြစ်ပြီး မေကတော့ အရုပ်တစ်ရုပ်လိုငြိမ်ခံနေရတာဘဲဖြစ်သည်။

"Okသွားပြီ ဂါဝန်တို့ဂျင်းဘောင်းဘီတို့ဝတ်မှလူငယ်ဆန်တာမဟုတ်ဘူး မြန်မာဝတ်စုံကို လူငယ်ဆန်အောင်ဝတ်ရင် ပိုတောင်လှသေး "

"ဆရာက ဒီတိုင်းတွေ့ဖို့ခေါ်တာကို ဒီလောက်ကြီးပြင်သွားလို့ကောင်းပါ့မလားဟဲ့ အလှူသွားမှာလဲမဟုတ်ဘူး "

"အလှူသွားမှပြင်ရမှာလားဟ လှလှပပပြင်ပြင်ဆင်ဆင်နေစမ်းပါဟယ်
ငါကနင့်ကိုအပျိုကြီးမဖြစ်အောင်ကူညီပေးနေတာ ဘာလို့လဲဆို ငါနင့်ကိုတာဝန်မယူနိုင်ဘူးလေ အဲ့တော့ ယူတဲ့သူရှိတုန်းထည့်ပေးရမယ် "

"ငါက ပစ္စည်းထုပ်မဟုတ်ဘူး လူနော်
ပြီးတော့ ဘယ်သူမှတာဝန်ယူစရာမလိုပါဘူး ငါ့ဘာသာရပ်တည်နိုင်ပါတယ် "

"တခြားသူသာယုံလိမ့်မယ် ပိစိကတည်းကတူတူကြီးလာတဲ့ငါ့တော့လာမပြောနဲ့ မယုံဘူး"

"တော်ပြီ နင်နဲ့မပြောတော့ဘူး ငါသွားတော့မယ် နောက်ကျနေလိမ့်မယ် "

"ကြွကြွ "

"ဇွန်လေး "

တံခါးပေါက်ရောက်နေမှ ခေါ်နေပြန်တာကြောင့်လှည့်ကြည့်တော့

"ဘာလဲ "

"ငါမနေ့ကပြောတာမမေ့နဲ့နော်
နင်သူ့ကိုမမေ့နိုင်ရင်တောင် သတ်ိရမနေနဲ့
သူလဲသူ့ဘဝသူလျှောက်နေပြီ နင့်ကိုမှတ်တောင်မှတ်မိမှာမဟုတ်ဘူး နင်လဲ စိတ်အသစ်နဲ့ လူအသစ်ကိုတွေ့သင့်နေပြီ "

You are My Story (Complete)Место, где живут истории. Откройте их для себя