အိမ်ထောင်သက် ၃လအကြာ ........
ဒီနေ့က လစာထုတ်ရက် ဖြစ်တာကြောင့် ဌာနတိုင်းအစည်းအဝေးရှိသည်ဖြစ်သည်။
အစည်းအဝေးက ၄နာရီမခွဲခင်မှာ စတာဖြစ်ပြီး ၅နာရီခွဲပြီးမှသာပြီးဆုံးလေသည်။
ထို့ကြောင့် လင်မယားနှစ်ယောက်စလုံးအရင်နေ့များထက် အိမ်ပြန်နောက်ကျကြ၏။အထက်လူကြီးများ၏ ဘာညာကွိကွ စုံစွမ်စိနေအောင် ဆွေးနွေးသလိုလိုနဲ့ ပွမ်နေသည့် စကားများကို ၁နာရီကျော် နားထောင်ခဲ့ပြီးနောက် ချမ်းသီရိမေမှာ အလွန်ပင်ပန်းငြီးငွေ့လို့နေ၏။
"ကိုရယ် လူကြီးတွေများ တယ်လေပေါနိုင်တယ်နော် သူတို့တော့မသိ နားထောင်လာရတဲ့မေတောင် မောလာတယ် တကယ့်လေအိုးကြီးတွေ "
မိန်းမဖြစ်သူ၏ပြစ်ပြစ်နှစ်နှစ်ပြောနေသံများကိုကြားကာ ခန့်တည်ပိုင်မှာ အနည်းငယ်ရင်နာသွားရသည်။ မေပြောသလိုဆို သူလဲ လေအိုးကြီးဖြစ်နေသည်လေ။ အစည်းအဝေးတက်ခဲ့ရတာချင်းတူသော်လည်း မေက နားထောင်ခဲ့ရသူဖြစ်ပြီး ခန့်တည်ပိုင်ကတော့ ဌာနအတွက် လုပ်ငန်းဆောင်တာတွေ လချုပ်စာရင်းတွေနဲ့ ပတ်သတ်ပြီး မေးမြန်းပြောကြားခဲ့ရတာဖြစ်ရာ လေပေါခဲ့သူဖြစ်လေသည်။
"အော် မေရယ် ဒါကလဲ အစည်းအဝေးဆိုတော့ တာဝန််အရလိုအပ်လို့ပြောရတာပါ"
"အမလေး မဟုတ်ဘူးသူတို့ကိုက လျှာရှည်.....အယ် sorry ကို ရုတ်တရက် ကိုယ့်ယောကျ်ားဘာလဲ မေ့သွားလို့ "
မေတစ်ယောက်တော့ ပြောချင်ရာပြောပြီးမှ ကိုယ့်လူကိုယ် ဒဲ့ဆော်နေသလိုဖြစ်မှန်း သတိရသွားတာကြောင့် ပါးစပ်ပိတ်လိုက်ရတော့သည်။
"အယ်...ဟို ယောကျ်ားမောလာမှာဘဲနော် မေ ရေခပ်ပေးမယ်နော် ခဏလေး "
လူကို စပရှယ်ဖဲ့ပြီးသွားမှ ပြန်ဖားနေသော ကောင်မလေးကြောင့် ခန့်တည်ပိုင်မှာ မနိုင်စွာခေါင်းရမ်းမိတော့သည်။
ခန့်တည်ပိုင်တစ်ယောက် အိပ်ခန်းထဲ ဝင်သွားကာ ရုံးအိတ်ကို ပစ်ချပြီး ကုတင်ပေါ်လှဲချလိုက်တော့သည်။
"ကို...ရေလေးသောက်လိုက်အုံး ရေခဲရေနဲ့ရောထားတာ အေးအေးလေး "
YOU ARE READING
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...