အပိုင်း(၂၆)

9.8K 338 16
                                    

"မေ ဒီနေ့ site ထဲသွားရမှာမလား "

"ဟုတ် မကျူး "

"အေးဟယ် နေပူပူနဲ့ ငါတို့အလုပ်ကလဲ မသက်သာလိုက်တာ သူများတွေဆို ကွန်ပျူတာရှေ့ ငြိမ်ငြိမ်လေးထိုင်နေရုံဘဲ
ငါတို့ကျ စာရင်းလဲ လုပ်ရတယ် siteထဲလဲပြေးရသေးတယ် "

"ကိုယ်ရွေးမိတဲ့အပိုင်းဘဲ မကျူးရယ် "

"အေးပါ ဒါနဲ့ မေဘယ်သူနဲ့သွားမှာလဲ ယောကျ်ားလေးအဖော်ခေါ်သွားလေ သူတို့က မိန်းကလေးလာစစ်တယ်ဆို
မခန့်ချင်ဘူးရယ် "

"ကိုစည်သူတို့ ကိုထွန်းတို့က တစ်ခြားsiteထဲသွားကြတယ် မကျူးရယ် ဘယ်သူမှမအားကြဘူး "

"ဟို...ကျွန်တော်လိုက်ခဲ့လို့ရမလား "

"မင်းက "

"ဟုတ် siteထဲများများရောက်တော့ အတွေ့အကြုံလဲရတာပေါ့
တစ်ခြားသူတွေထက် မမမေနဲ့လိုက်ရရင် ပိုအဆင်ပြေတယ် အန်တီဌေးတို့ကျ ဆူတယ် "
လက်-ညွှန် ဒေါ်ဌေးဌေးရီဆိုတာ မေတို့ Sectionမှာဆို နာမည်ကြီးပေါ့ အရမ်းစည်းကမ်းကြီး အရမ်းလဲတင်းကြပ်တာကြောင့် ဂျူနီယာလေးတွေဆိုအသေကြောက်ကြသလို သူအစစ်ခံရတဲ့ companyတွေဆို
ဘုရားတနေရတာများသည်။

"အဲ့ဆိုလဲ လိုက်ခဲ့လေ "

"ဟုတ် အဲ့ဆို ကျွန်တော့်ဆိုင်ကယ်နဲ့သွားမယ်လေ မမမေက နောက်ကထီးဆောင်းပေးပေါ့ "

" အော် အေးအေး အဲ့ဆိုလဲ အစ်မသက်သာတာပေါ့ ကျေးဇူး"

"ရပါတယ်ဗျာ "

နွေရာသီရောက်လာတာနဲ့ ရာသီဥတုကတော့ အသားကုန်ပူလောင်အိုက်စပ်နေတော့သည်။ အခုလိုချိန်siteထဲသွားရင် ပိုအချိန်ကုန်သည်။ ဘာကြောင့်ဆိုနေ့လည်၁၂လောက်ကျ အရမ်းပူတာကြောင့် တည်ဆောက်ရေးက  ရပ်ထားရသလို မေတို့လို QCတွေကလဲ စစ်တာရပ်ထားရကာ နေအေးမှ အလုပ်ပြန်စရသည်။ ထို့ကြောင့် ဒီလိုနေ့မျိုးဆို siteထဲမှာဘဲအချိန်ကုန်သွားတော့သည်။

site ထဲရောက်တော့ site အင်ဂျင်နီယာက
မေတို့ကို ထွက်ကြိုကာ နှုတ်ဆက်သည်

"ကျွန်တော်က ဒီကတာဝန်ရှိသူ ဦးနိုင်သန်းပါ"

"ချမ်းသီရိမေပါ "

You are My Story (Complete)Onde histórias criam vida. Descubra agora