ကလေးက တဖြည်းဖြည်းမွေးရက်နီးလာတာနဲ့ မေကလဲ ပထမဆုံးသားဉီးမို့ စိုးရိမ်ပြီးကြောက်နေကာ ကိုယ်တိုင်လဲ စိတ်ပူနေရသည် ကိုယ်က ခွဲမွေးဖို့ပြောပေမဲ့ ပြန်လည်ထူထောင်နိုင်ဖို့ခက်လို့ဆိုပြီး မေက ရိုးရိုးဘဲမွေးချင်သည်
အနားနီးလို့ တစ်ခုခုဖြစ်မှာစိုးတာကြောင့် dute date၅ရက်လောက်အလိုဆိုရင်တော့ ဆေးရုံတက်ထားဖို့ကိုယ့်မှာကြိုစီစဉ်ထားရသည်အခုလဲ ကိုယ့်ချစ်မိန်းမလေးက ဘုရားရှိခိုးပြီး အိပ်ယာထဲလှဲနေပြီမို့ ညဆေးတိုက်ဖို့ လုပ်ရအုံးမည်
"မေ ဘာကိုကြည့်နေတာလဲ စောနကတည်းက အဲ့စက္ကူကိုကြည့်နေတာ ဘာမို့လို့လဲ "
"စက္ကူမဟုတ်ဘူး ဓါတ်ပုံ "
"ဟမ် ဘယ်သူ့ပုံတုန်း ကိုယ့်ပြအုံး"
မေ့လက်ထဲက ဓါတ်ပုံဆိုတာကို ယူကြည့်လိုက်တော့ ကိုယ့်passportပုံကြီးဖြစ်နေသည်
"ဘာလို့ ကိုယ့်ပုံကိုကြည့်နေတာလဲ မေ"
"သားက ကိုနဲ့တူမြှဖစ်မယ် အဲ့မှ ဖြူပြီးခန့်နေမှာ ဥာဏ်ရည်လဲ ကို့လိုထက်မြက်မြှဖစ်မယ် အဲ့ကျ ကို့ပုံကို စွဲနေအောင်ကြည့်နေတာ "
"အော် ဖြစ်ရလေမေရယ် အဲ့လိုကြည့်ချင်ရင် ဟောဒီ့အပြင်ကလူကိုကြည့်ပါလား ဘာလို့ ပုံကြီးကို ထိုင်ကြည့်နေတုန်း "
"အပြင်လူကို ကြည့်ရင် ကြည့်ရင်းကြည့်ရင်း အမြင်ကတ်ဖို့ကောင်းလာလို့ "
"ဘာပြောတယ် အခုတော့ ကိုယ့်ကိုငြိုငြင်ပြီပေါ့ဟုတ်လား ကိုယ် ဝမ်းနည်းသွားပြီ "
မကြီးမငယ်နဲ့ ဗိုက်ပေါ်မျက်နှာအပ်ပြီး စိတ်ကောက်ပြနေတဲ့ ကိုဟာ စညားကတည်းက သူဘဲ အလကားနေကောက်လာတာဖြစ်သည်
ကလေးမရှိခင်က ညနေစာကို သူ့မစောင့်ဘဲ တစ်ယောက်တည်းစားနှင့်ရင်လဲကောက်သည် ဇာတ်ကားကြည့်နေလို့ သူ့စကားမပြောရင်လဲ ကောက်သည် ရုံးမှာတွေ့လို့ သူ့ကိုရီမပြရင်လဲ အကြီးအကျယ်ကောက်တတ်သည် တကယ်ဆို မိုးလင်းမိုးချုပ်တွေ့နေတဲ့ တစ်အိမ်ထဲနေလင်မယားတွေ ဘာကိစ္စ တွေ့တိုင်း အမြဲသွားဖြီးရီပြနေရမှာတုန်း
နောက်ရှိသေးသည် သူခူးပေးတဲ့ပန်းမပန်မိရင် အဲ့နေ့ ရုံးဆင်းသည်ထိ စကားမပြောတော့ပါ တခါတလေကျ မေမပန်မိတဲ့ပန်းကို ယူလာပြီး ခေါင်းမှာ အတင်းထိုးပေးသွားတတ်သေးသည် နှစ်ယောက်သား ဆိုင်ကယ်တူတူစီးတဲ့အခ်ျိန် သူ့ခါးမဖက်ဘဲ ဆိုင်ကယ်နောက်မှီကိုကိုင်ထားရင်လဲ ရွဲ့ပြီး အရှိန်တင်မောင်းပြသည် တခါတလေ ချိုင့်ထဲဆင်းချသည် သူ့လုပ်ပုံကြောင့် နှစ်ယောက်လုံး မသာမပေါ်တာကံကောင်း
အခုလဲ ကလေးအဖေဖြစ်နေပြီ တစက်ကလေးမှ တည်ငြိမ်သွားတာမရှိပါ
ရုံးမှာ အပေါက်ဆိုးဆိုးနဲ့ တစ်ရုံးလုံး သူလခပေးထားသလို အော်ငေါက်နေသလောက် အိမ်မှာတော့ ငပေါကြီးနဲ့တူသည်
YOU ARE READING
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...