မတ်လကုန်ပြီး ဧပြီလထဲဝင်လာတာနဲ့
တစ်နှစ်ပတ်လုံးမှာအမျှော်ဆုံးဖြစ်တဲ့ သင်္ကြန်ပွဲတော်နဲ့ ပိုပို နီးကပ်လာပြီဖြစ်သည်။
သင်္ကြန်တွင်းရုံးပိတ်ရက်မတိုင်ခင် ဧပြီလဆန်းလောက်တွင် ရုံးသင်္ကြန်ဟူ၍ နှစ်စဥ်ကျင်းပလေ့ရှိသည်။ ဒါကလည်းအထူးတဆန်းတော့မဟုတ်ပါ။ တက္ကသိုလ်တွေလဲ ကျောင်းသင်္ကြန်ဆိုပြီး သူတို့ကျောင်းထက် ငါတို့ကျောင်းကသာရမယ်ဆိုပြီး ငွေကုန်ကြေးကျခံကာ ရှယ်ကျင်းပကြသည်လေ။ လူကြီးပိုင်းတွေဖြစ်တဲ့ ဝန်ထမ်းတွေအတွက်ကတော့ ရုံးသင်္ကြန်ဆိုသည်ကား စားပွဲသောက်ပွဲကြီးတစ်ခုလိုပင်ဖြစ်သည်။ သူတို့ဌာနကကျွေးတာထက် ငါတို့ဌာနကကျွေးတာ ပိုကောင်းတယ်ကွ ဆိုသလို မုန့်ဟင်းခါး ကြာဇံချက် ခေါက်ဆွဲကြော် ကြာဇံကြော် ဒံပေါက် စသဖြင့် တစ်ဌာနနဲ့တစ်ဌာန မတူအောင်ချက်ပြီး ဝေကြသည်။
မေ တက္ကသိုလ်တက်တုန်းက ကျောင်းသင်္ကြန်ဆို ဘယ်တုန်းကမှမသွားခဲ့ပါ။
အစတုန်းကတော့ရှက်လို့အဖော်မရှိလို့မသွားဖြစ်ခဲ့ပေမဲ့ အတန်းကြီးလာတော့ သွားချင်သလိုလိုရှိပြန်တော့လဲ အိမ်ကလူကြီးတွေက ပေးမသွားပါ။ ထို့ကြောင့်ကျောင်းသင်္ကြန်ဆို ဘာမှန်းကိုမသိခဲ့တာဖြစ်သည်။
အခုရုံးသင်္ကြန်ကိုတော့ မေစိတ်လှုပ်ရှားမျှော်လင့်မိပါသည်။ မေတို့ဌာနက ဒီနှစ်
အချိုပွဲပုံစံလိုမျိုး ပေါင်မုန့်အုန်းနို့စမ်းနဲ့ မုန့်လုံးရေပေါ်ကျွေးမှာဖြစ်သည်။"နက်ဖြန်တော့ ပျော်စရာကြီးပေါ့မေရယ်
အလုပ်လဲမလုပ်ရဘူး မိုက်တယ်ဟေ့ ""ဒါနဲ့ ဆရာခန့်တို့ဌာနက ဒီနှစ်ဘာကျွေးမှာတဲ့လဲ"
"ကြာဇံချက်တဲ့ မကျူး"
"ဟား ပူပူလောင်လောင်နဲ့ မီးဖိုနားမှာသေပေရော့ဘဲ ကြက်သားကိုင် ကြက်သွန်ဆီသတ်နဲ့ရှုပ်ပါ့ ဆရာခန့်တော့ဒီနှစ်လဲသေပြီဆရာဘဲ "
"ဟင် ဘာဖြစ်လို့လဲ"
"မေ မသိဘူးလား နှစ်တိုင်း ရုံးသင်္ကြန်ဆို ဆရာခန့်က သူတို့ဌာနအတွက် အမြဲချက်ပေးတယ်လေ မနှစ်ကဆို မုန့်ဟင်းခါးချက်တာ စားတဲ့သူတွေကတော့ ကောင်းလို့ အိမ်တောင်သယ်သွားကြတယ်တဲ့ ဒါပေမဲ့ ချက်တဲ့သူတွေကတော့ ပင်ပန်းလွန်းလို့စားတောင်မစားနိုင်ကြပါဘူးဟယ် "
KAMU SEDANG MEMBACA
You are My Story (Complete)
Romansa"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...