အပိုင်း(၁)

13.3K 95 7
                                    

Unicode

"မေ ....မအိပ်သေးဘူးလား"

"မေ.. အိပ်မပျော်ဘူး ကို ရယ်"

"ဘာလဲ မနက်ဖြန်ကျ သူငယ်ချင်းတွေနဲ့ပြန်တွေ့ရမှာမိုလို့ စိတ်လှုပ်ရှားနေတာလား"

"သူငယ်ချင်း .......အဟင်း ဟုတ်မယ်နော် မတွေ့ဖြစ်ကြတာလဲ ဆယ်စုနှစ်တောင်ကျော်ခဲ့ပြီ ဆိုတော့လေ "

"အရမ်းတွေ တွေးပြီးပူမနေပါနဲ့
ညဉ့်နက်မယ် အိပ်တော့နော်"

"ကို အရင်အိပ်နှင့်နော်
မေခဏနေမှ အိပ်မယ်"

"သဘောပါဗျာ အဲ့ဆို ကိုယ့်အသည်းလေး good night "

နှဖူးကိုညင်သာသော အထိအတွေ့လေးပေးပြီး ထွက်သွားသူလေးကို မေ သိပ်မြတ်နိုးရပါသည် သူဟာ မေ့အတွက်တော့  ဒီဘဝမှာ အကြီးမားဆုံးသော ဆုလာဘ်တစ်ခုပေါ့

ဒါဆို သူကရော .......

သူကတော့ မေ့ငယ်ဘဝရဲ့ ဆုလာဘ်လို့ပြောရမယ်ထင်တယ်........

သူ့အကြောင်းတွေးမိလိုက်တာနဲ့ ငယ်ဘဝရဲ့ပုံရိပ်များ ပြန်မြင်ယောင်လာတော့သည်

အတိတ်ရဲ့စာမျက်နှာတစ်ခုဆီသို့~~~~~~~~

"ဇွန်လေးရေ ထတော့ သမီးရေ ကျောင်းနောက်ကျမယ်ဟေ့ "

မွေးမိခင်ရဲ့ ပုံမှန်alarmသံကြောင့် မေ မျက်လုံးများကို မဖွင့်ချင်လဲဖွင့်ရတော့သည်။
ဇွန်လေးဆိုလို့ တစ်ခြားသူလို့မထင်လိုက်ကြပါနဲ့ အဲ့ဒါမေ့အိမ်နာမည်ပါ ။ 'ချမ်းသီရိမေ ' ဆိုတဲ့နာမည်ကို အိမ်မှာ အမေကစိတ်တိုမှသာခေါ်လေ့ရှိသည်။ ပုံမှန်ဆိုရင်တော့ တစ်အိမ်လုံးက ဂျွန်လေးသာ ခေါ်ကြသည်။  ကိုယ့်ထက်၎နှစ်ငယ်တဲ့ အိမ်ကကျက်သတုံးမလေးကတောင် ဂျွန်လေးတဲ့ လေ ...
ဒါပေမဲ့လဲ မေနှစ်သက်ပါသည်။ နာမည်လေးကဘိုဆန်သလိုလို ဘာလိုလို
အဓိပ္ပာယ်ကိုပြောရမယ်ဆိုရင်တော့
အင်း........ ဘာအဓိပ္ပာယ်မှကိုမရှိပါ ဇွန်လမှာမွေးလို့ ဇွန်လေးလို့ ခေါ်တာပါတဲ့လေ ။
မေတို့အိမ်ရဲ့ နာမည်ပေးပုံက တကယ်ပင်မိုက်ပါသည်။
ကဲ နာမည်အကြောင်းတွေးနေတာနဲ့တင် ကျောင်းနောက်ကျတော့မည် ။
မေဟာ မျက်နှာသစ် ၊ သွားတိုက်ခြင်းကို ကျားလိုက်သလိုအမြန်လုပ်လိုက်ရသည် ။

You are My Story (Complete)Donde viven las historias. Descúbrelo ahora