အပိုင်း (၁၀)

11.9K 443 27
                                    

"ကိုခန့် ကန်တင်းသွားစို့လေဗျာ"

"အေးကွာ ခဏလေး လာပြီ"

"ကိုခန့်လဲ နက်ဖြန်သဘက်ဘဲ ခရီးသွားရတော့မှာကို ခုထိ အလုပ်များတုန်းနော် "

"အေးပေါ့ကွ ငါ့မှာ သွားခါနီးလေ စီစဥ်ထားခဲ့ရတာတွေပိုများလေ ဖြစ်နေတာ "

"တော်သေးတယ် မေပါလိုက်ရလို့ ကိုခန့်တစ်ပူငြိမ်းသွားတာ "

"ဘာလို့လဲ ငါကမေဟိုမှာ အဆင်မပြေမှာစိုးရိမ်နေတာ  "

"မေသာ မလိုက်ရလို့ရှိရင် ဒီ၃လလုံးလုံး မတွေ့မမြင်ရဖြစ်နေမှာပေါ့ ကိုခန့်နေနိုင်လို့လားအဲ့လိုထက်စာရင်
အခုလိုတူတူသွားရတာပိုမကောင်းဘူးလား
ဘယ်လိုဘဲဖြစ်ဖြစ် ဟိုမှာ တခါတလေတော့ဆုံမှာဘဲလေ"

"အေးအဲ့လိုကျမင်းပြောတာဟုတ်သား ခုလို အဆောက်အဦ တစ်ထပ်တည်းမှာရှိတာတောင် မေ့ကို ရုံးလာချိန်လေးဘဲငါ့မှာ မြင်ခွင့်ရတာ ကန်တင်းလဲ မေကနေ့တိုင်းမလာ ရုံးဆင်းချိန်ကျလဲ မတူနဲ့  ငါ့အဆင်မပြေပါဘူးကွာ "

"ကိုခန့်က လိုက်လေဗျာ တွေ့ရဖို့မျှော်မနေဘဲ မတွေ့တွေ့အောင် မဆုံဆုံအောင်လုပ်ရမှာပေါ့ အင်း ဒီပုံတိုင်းဆို ကိုခန့်လိုသေးတယ်နော်  လိုသေးတယ် "

​ပြောရင်းဆိုရင်းနဲ့ ကန်တင်းရောက်လာပြီဖြစ်သည်။ မေ့ကို လှည့်ပတ်ရှာကြည့်လိုက်ပေမဲ့ ဒီနေ့လဲ မတွေ့ရပြန်ပါ။ အရင်တုန်းကတော့ နေ့လည်စာကိုရံဖန်ရံခါမှသာလုပ်ဖော်ကိုင်ဖက်တွေနဲ့ ကန်တင်းသွားစားလေ့ရှိပေမဲ့ အခုတော့နေ့တိုင်းလာဖြစ်သည်။ မေ့ကိုတွေ့လိုတွေ့ငြားထမင်းချိုင့်ရှိပါလျက်နဲ့ကန်တင်းကိုလာနေပေမဲ့လည်း သူမလေးကိုတော့မတွေ့ရပါ ။

"ဟိတ် မှာမယ်"

"နဒီလှမ်းကြည့်နေတာဆရာခန့်နဲ့ဆင်ပါတယ်လို့ နဒီတို့ထိုင်မယ်နော် "

"ဟော နဒီတို့က ကျွန်တော့်ကိုတော့မမြင်ဘူးပေါ့"

"ဟီး မဟုတ်ပါဘူးဆရာမျိုးသန့်ကိုလဲမြင်ပါတယ် "

"ဆရာခန့် ကဟင်းမမှာဘူးလားဟင် နဒီကျွေးချင်လို့ပါ မိတ်ဖြစ်ဆွေဖြစ်ပေါ့ "

You are My Story (Complete)Donde viven las historias. Descúbrelo ahora