အပိုင်း(၁၇)

10.8K 386 44
                                    

မေနဲ့ဆရာ့အတွက် first dateလဲဖြစ်တဲ့အပြင် ဖောင်ကြီးပြန်ရတော့မဲ့နေ့လဲဖြစ်တာကြောင့် တစ်မနက်လုံးတူတူလျှောက်လည်ဖြစ်ကြသည်

"အမယ် အသွားတုန်းကရုပ်နဲ့မတူပါလား"

"စပ်ဖြီးဖြီးနဲ့ "

"နင်ကလဲ ငါ့ဆိုပြောဖို့ဘဲ
နင့်အတွက်ပါလာတဲ့မုန့်တောင်ပေးချင်စိတ်မရှိတော့ဘူး "

"ဟယ် ဘာပါလာတာလဲ ငါ့ကိုကျွေး"

"ဟွန်း ဒီတိုင်းတော့မရဘူး"

"ဘာလဲ"

"မမကြီးရှင့် ညီမလေးကိုမုန့်ပေးပါနော်လို့ပြောမှရမယ်"

"နင်ရူးနေလား ပေးစရာရှိတာသာပေးစမ်းပါဟယ်"

"No no noမပြောရင်မပေးဘူး Pizza Familyကနော်နင်ကြိုက်တဲ့အသားပြားတွေ cheeseတွေမှအများကြီး"

မကြီးမငယ်အကျင့်လာပုတ်နေသော အကြီးမကိုတော့တကယ်စိတ်ကုန်ပါသည်

"မမကြီးရှင့်........ညီမလေးကို.......မုန့်ပေးပါနော်
ရပြီလား"

"ဒီလိုမှပေါ့ ရော့ရော့ယူ"

"အော် ဒါနဲ့ပြောဖို့မေ့နေတာ အဲ့ဒါငါဝယ်လာတာမဟုတ်ဘူး ဆရာက ညီမလေးအတွက်ယူသွားဆိုပြီးဝယ်ပေးလိုက်တာ"

"ဘာ !!!!!! ကောင်မစုတ်ကြီး!!!!! ဒါနဲ့များသူဝယ်လာသလိုလုပ်နေသေး တကယ်ဘဲအခွက်လာပြောင်နေတယ်
ပြောင်တာစတီးဘဲကောင်းတယ်နော် ကောင်မရဲ့"

"ဟားဟား"

ဒီနေ့တော့ဘာလုပ်လုပ်ဘာကိုင်ကိုင် လူကအရမ်းကိုပျော်မြူးနေတော့သည်

လက်ကိုင်အိတ်ထဲကဖုန်းထုတ်ရင်း အလှူခံဖြတ်ပိုင်းစာရွက်လေးပါတွေ့တော့ အဲ့တုန်းကဆရာ့ပုံစံကိုမြင်ယောင်ကာရီချင်လာရသည်

"မေ လာကိုယ်တို့ အလှူထည့်ရအောင်"

"ဟုတ်"

အလှူငွေကိုဘုရား တရား သံဃာရတနာသုံးပါးရည်းစူးကာမေကတစ်သောင်းခွဲဆရာကတစ်သောင်းခွဲဖြင့် ၃သောင်းလှူခဲ့ကြသည်

"အလှူ့ရှင်နာမည်ပြောပါ"

"မောင်ခန့်တည်ပိုင်နှင့်ချစ်သူမချမ်းသီရိမေလို့ရေးပေးပါ
ဦးလေး"

You are My Story (Complete)Où les histoires vivent. Découvrez maintenant