အပိုင်း(၃၃)

9.9K 304 31
                                    

မေ အကြတ်နေ့မှာတော့ မန္တလေးမြို့ရဲ့အထင်ကရ မဟာမြတ်မုနိဘုရားကြီးနဲ့ တစ်ခါမှမရောက်ဖူးသေးတဲ့ ကုသိုလ်တော်ဘုရားကို ကိုနဲ့အတူတူသွား ဖူးဖြစ်ကြသည်။ မန္တလေးတောင်ကိုတော့ နည်းနည်းဝေးလို့ မသွားဖြစ်တော့ပါ။ ဘယ်ဘုရားကိုရောက်ရောက် ကိုလုပ်နေကျချစ်စရာအပြုအမူလေးတစ်ခုကတော့ အလှူငွေညီတူညီမျှထည့်ခိုင်းကာ အတူတူဒါနပြုတာဖြစ်သည်။ လှူပြီးရင်အမြဲပြောတတ်တဲ့စကားလေးတစ်ခွန်းလည်းရှိသေးသည်။

"မေနဲ့ ဘဝဆက်တိုင်းဆုံချင်လို့"တဲ့လေ
ထိုစကားလေးက အရမ်းတော့မထူးဆန်းပါ။ ချစ်သူရည်းစားတွေကြား တော်တော်များများပြောကြပါသည်။ ဒါပေမဲ့ ပြောတဲ့သူအပေါ်မူတည်ပြီး ထိုစကားလေးရဲ့လေးနက်မှုနဲ့သက်ရောက်မှုက ကွဲပြားသွားမည်ဟု မေထင်သည်။
တစ်ချို့စကားတွေက ကြားဖူးပြီးသားဖြစ်ပေမဲ့ သူပြောလိုက်မှ ကိုယ့်ရင်ထဲထိသွားတယ်ဆိုသလိုမျိုးပေါ့

.

အတက်နေ့မှာတော့ မလည်ဖြစ်တော့ဘဲ  မနက်ဖြန်ကို့မွေးနေ့ဖြစ်တဲ့အပြင် နှစ်ဆန်းတစ်ရက်နေ့လည်းဖြစ်တာကြောင့် မနက်ပိုင်း မိဘမဲ့ဂေဟာနဲ့  ဘိုးဘွားရိပ်သာကို ဟင်းချက်ယူသွားပြီး ဒါနလုပ်မှာဖြစ်သည်။အဲ့ဒါကြောင့်မလို့ အိမ်မှာတစ်နေ့လုံး ပျားပန်းခတ်အောင် အလုပ်များနေကြသည်။  ညနေကျလဲခြံထဲမှာdinnerလုပ်အုံးမှာမို့ ဘယ်မှမသွားဖြစ်ဘဲအိမ်မှာဘဲကူစရာရှိတာသာ ကူလိုက်သည်။
ကိုကတော့ အတက်နေ့လေးမို့သင်္ကြန်ရေဆော့ရအောင်မဏ္ဍပ်ကိုလိုက်ပို့မယ်ပြောပေမဲ့  မေကတော့ အိမ်မှာကိုယ်စီအလုပ်ရှုပ်နေကြကာ နှစ်ယောက်တည်းလျှောက်လည်ရင် မသင့်တော်တာကြောင့် ငြင်းလိုက်ပြီး အိမ်မှာဘဲနေလိုက်သည်။
.
တစ်နေကုန် အလုပ်များနေရတဲ့မေတစ်ယောက် ညရောက်တော့လဲ မပြီးသေးဘဲ
တစ်ယောက်ထဲ ကိတ်မုန့်တစ်လုံးနဲ့ယောက်ယက်ခပ်နေရပြန်သည်။

မေ့မှာ ကို့ကို မွေးနေ့Surpriseတိုက်ဖို့အရေး
ညသန်းခေါင်မှောင်မှောင်မည်းမည်းကြီးကိုကိတ်မုန့်တစ်လုံးနဲ့ ခြံထဲဆင်းလာခဲ့ရသည်။ လူကြီးတွေက ဒီအချိန်အိပ်နေကြပြီမိုလို့ အာကျယ်အာကျယ်လုပ်ရင်နိုးသွားမှာစိုးတာကြောင့် ကို့ကိုခြံထဲဖုန်းဆက်ခေါ်လိုက်ကာ စောင့်နေလိုက်သည်။
ဘဝမှာပထမဆုံးSurpriseလုပ်ပေးဖူးတာမိုလို့  အတော်လေးစိတ်လှုပ်ရှားနေကာ  ကိတ်မုန့်ကိုတောင်ပုံပျက်သွားမှာစိုးလို့မကိုင်ထားရဲဘဲ  ဒန်းပေါ် တင်ထားရသည်။
ထိုကိတ်လေးကွယ်သွားအောင်လည်း ဒန်းရှေ့ပိတ်ရပ်ထားလိုက်သည်။

You are My Story (Complete)Tempat cerita menjadi hidup. Temukan sekarang