"မေ ဒီနေ့ site ထဲသွားရမှာမလား "
"ဟုတ် မကျူး "
"အေးဟယ် နေပူပူနဲ့ ငါတို့အလုပ်ကလဲ မသက်သာလိုက်တာ သူများတွေဆို ကွန်ပျူတာရှေ့ ငြိမ်ငြိမ်လေးထိုင်နေရုံဘဲ
ငါတို့ကျ စာရင်းလဲ လုပ်ရတယ် siteထဲလဲပြေးရသေးတယ် ""ကိုယ်ရွေးမိတဲ့အပိုင်းဘဲ မကျူးရယ် "
"အေးပါ ဒါနဲ့ မေဘယ်သူနဲ့သွားမှာလဲ ယောက်ျားလေးအဖော်ခေါ်သွားလေ သူတို့က မိန်းကလေးလာစစ်တယ်ဆို
မခန့်ချင်ဘူးရယ် ""ကိုစည်သူတို့ ကိုထွန်းတို့က တစ်ခြားsiteထဲသွားကြတယ် မကျူးရယ် ဘယ်သူမှမအားကြဘူး "
"ဟို...ကျွန်တော်လိုက်ခဲ့လို့ရမလား "
"မင်းက "
"ဟုတ် siteထဲများများရောက်တော့ အတွေ့အကြုံလဲရတာပေါ့
တစ်ခြားသူတွေထက် မမမေနဲ့လိုက်ရရင် ပိုအဆင်ပြေတယ် အန်တီဌေးတို့ကျ ဆူတယ် "
လက်-ညွှန် ဒေါ်ဌေးဌေးရီဆိုတာ မေတို့ Sectionမှာဆို နာမည်ကြီးပေါ့ အရမ်းစည်းကမ်းကြီး အရမ်းလဲတင်းကြပ်တာကြောင့် ဂျူနီယာလေးတွေဆိုအသေကြောက်ကြသလို သူအစစ်ခံရတဲ့ companyတွေဆို
ဘုရားတနေရတာများသည်။"အဲ့ဆိုလဲ လိုက်ခဲ့လေ "
"ဟုတ် အဲ့ဆို ကျွန်တော့်ဆိုင်ကယ်နဲ့သွားမယ်လေ မမမေက နောက်ကထီးဆောင်းပေးပေါ့ "
" အော် အေးအေး အဲ့ဆိုလဲ အစ်မသက်သာတာပေါ့ ကျေးဇူး"
"ရပါတယ်ဗျာ "
နွေရာသီရောက်လာတာနဲ့ ရာသီဥတုကတော့ အသားကုန်ပူလောင်အိုက်စပ်နေတော့သည်။ အခုလိုချိန်siteထဲသွားရင် ပိုအချိန်ကုန်သည်။ ဘာကြောင့်ဆိုနေ့လည်၁၂လောက်ကျ အရမ်းပူတာကြောင့် တည်ဆောက်ရေးက ရပ်ထားရသလို မေတို့လို QCတွေကလဲ စစ်တာရပ်ထားရကာ နေအေးမှ အလုပ်ပြန်စရသည်။ ထို့ကြောင့် ဒီလိုနေ့မျိုးဆို siteထဲမှာဘဲအချိန်ကုန်သွားတော့သည်။
site ထဲရောက်တော့ site အင်ဂျင်နီယာက
မေတို့ကို ထွက်ကြိုကာ နှုတ်ဆက်သည်"ကျွန်တော်က ဒီကတာဝန်ရှိသူ ဉီးနိုင်သန်းပါ"
"ချမ်းသီရိမေပါ "
VOUS LISEZ
You are My Story (Complete)
Roman d'amour"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...