အပိုင်း(၃၀)

11.1K 364 26
                                    

သင်္ကြန်တွင်းရုံးပိတ်ရက်နားနီးလာတော့
ဝန်ထမ်းတွေလဲ မိသားစုရှိရာ ကိုယ်ဆီပြန်ကုန်ကြသည်။ နေပြည်တော်မြို့ခံဝန်ထမ်းကအလွန်ရှားကာ အကုန်လုံးနီးပါးက အမြို့မြို့အနယ်နယ်ကလာကြတာဖြစ်သည်။
မေကတော့ဒီနှစ် မိဘရင်စုံကန်ကာ ချစ်သူရှိရာမြို့ကို လိုက်သွားမည်ဖြစ်သည်။
ကိုက မန္တလေးဇာတိမို့ မန္တလေးသင်္ကြန်က ဘယ်လောက်ပျော်ဖို့ကောင်းကြောင်း ဈေးချိုမှာဆိုလဲ ဘယ်လောက်အစားအသောက်ပေါကြောင်း နောက်ပြီးမဟာမြတ်မုန်ိ ကုသိုလ်တော်ဘုရား မန္တလေးတောင်  နောက်တစ်ခါ မန္တလေးကျုံးနဲ့ နန်းတော်ရာအကုန်လိုက်ပို့ပေးမည်ဟုဆိုကာ မဲဆွယ်လေသည်။
ဒါပေမဲ့အဲ့ဒါကြောင့် မေလိုက်ဖို့ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။ ကိုပြောတဲ့နေရာတွေကို မေ မိသားစုနဲ့ အကုန်ရောက်ဖူးပါသည်။
မေ လိုက်ဖို့ဆုံးဖြတ်လိုက်တာက ကို့ရဲ့မွေးနေ့ကြောင့်ဘဲဖြစ်သည်။ ကို့ရဲ့မွေးနေ့က တိုက်တိုက်ဆိုင်ဆိုင်နှစ်ဆန်းတစ်ရက်နေ့ဖြစ် နေသည်။ ဒါက မေနဲ့ကို ချစ်သူဖြစ်ပြီးကတည်းက ပထမဆုံးကြုံရတဲ့ကို့ရဲ့မွေးနေ့ဖြစ်တာမို့ အတူတူရှိချင်မိသည်။
ထို့ကြောင့် အိမ်ကိုဒီနှစ်သစ္စာဖောက်ကာ မပြန်တော့ပါ။

ဘေးက ကားမောင်းနေတဲ့ ကို့ကိုကြည့်ပြီး
ကို့ရဲ့ ရှင်းသန့်တည်ကြည်နေမှုကို မေ့မှာငေးနေရသည်။ မေ့လိုထူးထူးခြားခြားလှတဲ့သူလဲမဟုတ်တဲ့ မိန်းကလေးတစ်ယောက်က ဒီလောက်ခန့်ချောနေတဲ့ကောင်လေးကိုပိုင်ဆိုင်ရလိမ့်မယ်လို့ ယောင်လို့တောင်တွေးမကြည့်ခဲ့ဖူးပါ။

"မေ.... ဘာလို့အဲ့လောက်စိုက်ကြည့်နေတာလဲကွာ ကိုယ်မနေတတ်တော့ဘူး"

"ကိုက ချောလို့လေ နောက်လေးငါးရက်ဆို
၃၂နှစ်ပြည့်တော့မယ့် လူကြီးက ဘာလို့ဒီလောက်နုပြီးခန့်နေတာလဲ မသိဘူး"

"ဟာကွာ....မေကလဲ အဲ့၃၂နှစ်ဆိုတာကြီးထည့်ထည့်မပြောပါနဲ့ "

"အဟွင်း ဘာဖြစ်လဲ ၃၂နှစ်ဖြစ်တော့ မေက ရင့်ကျက်တည်ကြည်တဲ့ဘဲကြီးလိုပုံစံမျိုးဆိုပိုကြွေတာ"

"ဒီကလေးမတော့ အကြီးကိုလာပြောင်နေပြန်ပြီ "

"ဟီးဟီး "

You are My Story (Complete)Where stories live. Discover now