မေ ဟာ ဒီနှစ်ခြောက်တန်းကျောင်းသူလေး ဖြစ်လာခဲ့ပြီဖြစ်သည်။ အရင်နှစ်ကလို ကျောင်းအသစ်မှာ အူတူတူအတတနဲ့ ဘယ်နေရာ ဘာရှိမှန်းမသိ ဖြစ်မနေတော့ပါ။ အနည်းငယ်တည်ငြိမ်လာပြီလို့တော့ ပြောရတာပေါ့။
ဒါပေမဲ့ မေ့ရဲ့တည်ငြိမ်မှုတွေဟာ အဲ့နေ့မှာတော့ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတော့သည်။
မေတို့ခြောက်တန်းနှစ်မှာ ဘာသာရပ်ထူးချွန် ပြိုင်ဖို့ အတန်းပိုင်ဆရာမက စာရင်းတောင်းလာခဲ့သည်။ မေလည်း စိတ်ဝင်စားတာနဲ့ ပြိုင်ဖို့စာရင်းပေးလာခဲ့သည်။ ဆုရလဲအမြတ် ၊မရလဲ အတွေ့အကြုံရတာပေါ့လေ...
နေ့လည်ထမင်းစားချိန်ကျ ဆရာမက ပြိုင်ဖို့စာရင်းပေးထားသူတွေအားလုံးကို ဆရာမနားနေခန်းကိုလေ့ကျင့်ဖို့လာခိုင်းတော့သည်။ဟင်းး......စိတ်ညစ်လိုက်တာနော်
မေက လူတစ်မျိုး၊ စာဘဲဖြစ်ဖြစ်ဘာဖြစ်ဖြစ် မေတစ်ခုခုကိုအာရုံစိုက်ရတော့မယ်ဆိုရင် ဘယ်သူမှမရှိတဲ့နေရာမှာ တစ်ယောက်တည်းအေးဆေးလုပ်ချင်တာ
ဖြစ်သည်။
အခုလိုလူတွေအများကြီးနဲ့မလုပ်ချင်ပေါင်။
ပူပူလောင်လောင်ရာသီဥတုကြီးမှာဆရာမနားနေခန်းကျဥ်းကျဥ်းလေးထဲ ကြပ်ညပ်နေအောင်ထိုင်ပြီး စာလုပ်နေရတာလဲ ဒုက္ခတစ်မျိုးပါဘဲ။ စာမေးချင်လဲ တန်းမေးလို့မရဘဲ သူ့အလှည့်ကိုယ့်အလှည့်နဲ့မပြီးနိုင်။
စိတ်မကြည်မလင်နဲ့စာလုပ်နေရင်း
ရုတ်တရက် ကြည်လင်တဲ့အသံလေးတစ်ခုကြောင့် မေ့အာရုံဟာ စာအုပ်ကနေထိုအသံလာရာဆီ ပြောင်းသွားတော့သည်။"ဆရာမ ဝင်ခွင့်ပြုပါခဗျ"
'ဝါးးး ချောလိုက်တာ'။ထိုကောင်လေးဟာ ဖြူစင်ဝင်းမွှတ်နေသောအသားအရေထက်တွင် နေပူရှိန်ကြောင့် အနည်းငယ်ချွေးစို့လို့နေလေသည်။ အင်္ကျီအဖြူ ပုဆ်ိုးအစိမ်းလေးနဲ့ သန့်ပြန့်နေကာ ကတ္တီပါဖိနပ်နက်ပြာလေးစီးပြီး မေတို့ထိုင်နေတဲ့နေရာဆီတစ်လှမ်းချင်းဝင်လာသောသူ။
"အော်အေး ဥာဏ်နောင်လင်း ဝင်လေ
သားနောက်ကျနေပြီ""ဟုတ်ဆရာမ သားထမင်းပြန်စားနေလို့ပါ "
"အေးအေး ဒီရက်ပိုင်းဖြစ်နိုင်ရင်
ထမင်းချိုင့်ထုပ်ခဲ့တာ ကောင်းမယ် သူတို့တွေက ထမင်းစားပြီး စာတန်းလုပ်နေကြတာ
သားနောက်ကျကျန်နေခဲ့လိမ့်မယ်"
ESTÁS LEYENDO
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...