အပိုင်း(၄၅)

12.5K 342 58
                                    

မေတို့ပြည်မှာ တစ်ရက်အနားယူပြီး နေပြည်တော်ကို ပြန်ကြရပြီဖြစ်သည်။
နှစ်ယောက်စလုံးဝန်ထမ်းတွေမို့ ဟန်းနီးမွန်းထွက်လောက်ရသည်ထိတော့ မအားကြတာကြောင့် နောက်ပိုင်းနှစ်ယောက်လုံးအားမှသာခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
မေ့အတွက်ကတော့ ပြည်ဆိုတာ ဇာတိ​မြေ
မန္တလေးကတော့ ချစ်ရသူရဲ့ဌာနီမြေဆိုလျှင် နေပြည်တော်ကတော့ မေ့အလုပ်ရှိတဲ့မြို့လေး နောက် မေနဲ့ကိုရဲ့ အသိုက်အမြုံလေးပေါ့။
မေနဲ့ကိုနဲ့ ချစ်သူဘဝ အတူတူလျှောက်လည်ပြီးပြန်လာတဲ့အခါတိုင်း ကိုက မေ့ကိုအဆောင်မှာ ဝင်ပို့ကာ ကိုကတော့ သူ့အဆောင်တိုက်ခန်းဆီ ဆက်သွားရသည်။
အခုတော့ အဲ့လိုမခွဲတော့ဘဲ အတူတူပြန်ကြပြီဖြစ်သည်။ ဟိုးအရင်ကတော့ နေပြည်တော်မှာ ဝန်ထမ်းအိမ်ရာတွေက အပျိုဆောင် အိမ်ထောင်သည်ဆောင်သပ်သပ်စီ ခွဲထားသော်လည်း အခုတော့ အရာရှိဆိုလျှင် သီးသန့်တစ်ခန်းပေးတာဖြစ်ပြီး အပျို အိမ်ထောင်သည် မခွဲတော့ပါ။ သို့သော် ရာထူးငယ်လျှင်တော့ မိန်းကလေး အိမ်ထောင်မရှိရင် နှစ်ယောက်တစ်ခန်းနေရပြီး ယောကျ်ားလေးလဲ အတူတူဘဲဖြစ်သည်။

"ကို့ မေ... အဆောင်မှာ ပစ္စည်းတွေသိမ်းထားခဲ့တာ  မယူရသေးဘူးနောက်နေ့မှ သွားယူရမယ် "

"အင်း နောက်နေ့မှ ကိုယ်နဲ့တူတူသွားယူမယ်လေ "

ကိုတို့နေတဲ့အဆောင်ရှေ့ရောက်တော့ကိုက  ကားပါကင်မှာ ကားရပ်ကာ  အထုပ်တွေ ဆင်းသယ်သည်။

မေလဲ ကားအပြင်ထွက်ကာ လေးထပ်တိုက်ကြီးကို မော့ကြည့်လိုက်ရင်းတွေးမိသည်။
ဒီအဆောင်က ရာထူးကြီးတဲ့သူတွေ နေကြတာဖြစ်ပြီး မေ့လို ဦးစီးမှူးအဆင့်လောက်က အနည်းငယ်သာ ရှိမည်ထင်သည်။
ထို့ကြောင့်လဲ မေတို့အရင်အဆောင်ထက် ပိုကျယ်ကာ ပိုသန့်ရှင်းသပ်ရပ်သည်။
မေတို့အရင်အဆောင်ကတော့ အိမ်ထောင်သည် မိသားစု ၃စုလောက်ဘဲ ရှိကာ များသောအားဖြင့် လူလွတ်တွေနေကြတာဖြစ်ပြီး ရာထူးကြီးတဲ့သူမပါတာမို့
အရမ်းလဲ မကျယ်သလို ဒီလောက်လဲ  မသပ်ရပ်ပါ။

"ကိုက ဘယ်အထပ်မှာနေတာလဲ "

"ဒုတိယထပ်
လာ သွားကြမယ် "

You are My Story (Complete)Where stories live. Discover now