အပိုင်း(၅၄)

3.2K 56 4
                                    

မေ ညပိုင်းကျ မနက်ဖြန်နေပြည်တော်ပြန်ဖို့ အတွက် အဝတ်တွေထည့်ပြီးတာနဲ့ ဘာမှထွေထွေထူးထူး လုပ်စရာမရှိတော့တာကြောင့် fbသုံးနေလိုက်သည် မနက်က ဆရာကန်တော့ပွဲမှာ ကိုယ်သင်ခဲ့ရတဲ့ ဆရာမတစ်ချို့နဲ့ fbမှာ friဖြစ်ခဲ့တာကြောင့် ဘာရယ်မဟုတ် ဆရာမတွေaccထဲ ဝင်ကြည့်မိသည် ထိုစဉ် ဖုန်း screenမှာ notificationတစ်ခု တက်လို့လာသည်

"Nyan Naung Lin sent you a friend request "

ဂျူတီကုတ်အဖြူရောင်နဲ့ Postပေးနေတဲ့ ထိုacc profileလေးကို မေတခဏမျှစိုက်ကြည့်မိသည်
ဒေါက်တာဉာဏ်နောင်လင်းရဲ့ ပုံစံက ဒီလိုမျိုးပေါ့ ....နင်နဲ့ဂျူတီကုတ်အဖြူလေးနဲ့ တကယ်လိုက်ဖက်ပါတယ် နောင်နောင်

သို့သော် မေ့ဘေးမှာ ကျောပေးအိပ်နေတဲ့ ကို့ကိုတစ်ချက်စောင်းငဲ့ကြည့်ကာ မေ confirmဆိုတဲ့ အကွက်လေးကိုတော့ မနှိပ်လိုက်ပါ

လွန်ခဲ့တဲ့၂နှစ် ငါ ကိုနဲ့မတွေ့ခင်အချိန်တုန်းကသာဆို ငါနင့်ရဲ့ requestလေးကို အရူးအမူးလက်ခံမိမှာပါ နောက်ပြီး နင့်ကိုဘဲ နှစ်တွေအကြာကြီး ထပ်ချစ်နေမိအုံးမှာ
ဒါပေမဲ့ အခုတော့ မတူတော့ဘူး နောင်နောင် .....
ငါကို့ကို စိတ်ချမ်းသာစေချင်တယ် ငါနဲ့ပတ်သက်ပြီးအမြဲစိတ်လုံခြုံမှုရစေချင်တယ် ဘာလို့ဆို ငါကို့ကို ချစ်လို့
ဒီတခါတော့ ငါနင့်ကို ချေမိပြီပေါ့ဟယ်

ထို့နောက် မေဖုန်းကို ပိတ်လိုက်ပြီး
အစောကြီးအိပ်ရာဝင်နေတဲ့ မေ့ခင်ပွန်းကြီးရဲ့ ပါးတစ်ဖက်ကို နှာဖျားနစ်ဝင်သွားသည်ထိအနမ်းပေးလိုက်သည်
နောက် ခေါင်းကို ခပ်ဖွဖွပွတ်ပေးရင်း ​အိပ်နေမှန်းသိပေမဲ့လည်း မေ ပြောပြနေမိသည်

"ဒီလူကြီးက ဘာသားနဲ့ထုထားလို့ အရမ်းချစ်ဖို့ကောင်းနေရတာလဲ ဟမ်
ကိုမမေးဖူးပေမဲ့ မေပြောပြချင်လို့
မေ ကို့ကို သူ့ထက် အများကြီးပိုချစ်တယ်
သူ့ကိုပိုင်ဆိုင်ဖို့လောဘမတက်ဖူးပေမဲ့
ကို့ကိုတော့ မေဘယ်သူ့ကိုမှ မပေးနိုင်ဘူး မေဘဲ တစ်သက်လုံးအပိုင်ရမြှဖစ်မယ်
အဲ့ကြောင့် မေ့ကို ထားမသွားရဘူးနော် "

တစ်ဖက်လှည့်ပြီး အိပ်ချင်ယောင်ဆောင်နေတဲ့ ခန့်တည်ပိုင်မှာလဲ မေ့စကားများကြောင့် နှုတ်ခမ်းများကပြုံးပန်းပွင့်သွားရတော့သည် တကယ်တော့ မနက်က မေ့အချစ်ဉီးဆိုသူနဲ့ တွေ့ပြီးကတည်းက ရင်ထဲတင်းကြပ်ကြပ်နဲ့ အဆင်မပြေဖြစ်နေကာ ဘာမှလုပ်ချင်စိတ်မရှိလို့ အိပ်ယာထဲခွေနေတာဖြစ်သည် ဒါပေမဲ့ မေက ရုတ်တရက် ပွေ့ဖက်ပြီးအနမ်းပေးလာတဲ့အချိန်မှာတော့ တောင့်တောင့်ကြီးဖြစ်သွားကာ အိပ်ချင်ယောင်ဆောင်လိုက်မိတာဖြစ်သည်
ထို လူမသိအောင်ဖွင့်ဟဝန်ခံတတ်တဲ့ ကြောင်သူခိုးမလေးကြောင့် တစ်နေ့လုံး စိတ်ထဲလေးနေတာတွေ တမဟုတ်ချင်းအကုန်ပျောက်ကွယ်သွားရတော့သည်

You are My Story (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ