Extra 3

2.7K 20 0
                                    

"ကိုရေ အင်္ကျီအဖြူတွေထည့်လိုက်ရမှာလား"

"ရတယ် မေအဆင်ပြေသလိုသာကြည့်လုပ်လိုက်လေ"
ကလေးတွေကျောင်းပိတ်ရက် လူကြီးတွေရုံးပိတ်ရက်လဲဖြစ်တဲ့ သင်္ကြန်တွင်းကို သားမိသားဖတွေမန္တလေးပြန်ကြဖို့အဝတ်အစားတွေထည့်နေရတာဖြစ်သည်။ ဒီနှစ်သင်္ကြန်တွင်း ချမ်းလေးကို ရှင်ပြုပေးပြီး ကို့ကိုလည်းဒုံလပတ်ဝတ်ခိုင်းဖို့ စီစဉ်ထားတာကြောင့် လုပ်စရာတွေက ခပ်များများပင်။
ခရီးဆောင်အိတ်ထဲ ကို့အတွင်းခံတွေထည့်နေရင်း နီညိုရောင် မတွေ့မိတာကြောင့်
လှမ်းမေးရသည်။

"ကိုရေ ခဏဒီကိုလာပါအုံး "

"လာပြီ မိန်းမရေ ခဏလေး "

စားဖို့သောက်ဖို့ နောက်ဖေးမှာချက်ပြုတ်နေရင်း အိပ်ခန်းထဲကနေ မိန်းမကလှမ်းခေါ်နေပြန်တာမို့ မီးဖိုကိုခဏပိတ်ပြီး သွား
ကြည့်ရသည်။
အခန်းထဲရောက်တော့ boxerတွေကို တစ်ထည်ချင်းစီလိုက်ကြည့်နေတဲ့ မေ့ကြောင့်
အမြန်ဆွဲယူလိုက်ရသည်။

"ဘာတွေ လျှောက်ကြည့်နေတာတုန်း "

"အမလေး ကြည့်ချင်လို့ကြည့်နေတာမဟုတ်ပါဘူးနော် ဘုန်းကြီးသင်္ကန်းနဲ့ကျ
ဒီလိုအရောင်တွေဝတ်လို့မရလောက်ဘူးထင်လို့ကြည့်နေတာ နီညိုရောင်ထပ်ဝယ်ရမယ်ထင်တယ်"

"ရပါတယ်မိန်းမရယ် ကိုယ်ဝတ်နေကျတွေက ပြောင်ပြောင်လက်လက်တွေမှမဟုတ်တာ ထပ်ဝယ်စရာမလိုပါဘူး "

"အဲ့ဆိုလဲ ပြီးရော ဒါတွေဘဲ ထည့်လိုက်တော့မယ်"
"အမလေး ခရီးသွားဖို့ပြင်ရတာလဲ ပင်ပန်းလိုက်တာ ဗိုက်ဆာလာပြီ ဟင်းတွေကျက်ပြီလားဟင်"

"ရပြီ အရည်သောက်ဘဲ နည်းနည်းတည်ဖို့ လိုတော့တယ် မေပြီးရင်ထွက်လာခဲ့လေ ကိုယ်ပြင်ထားလိုက်မယ်"

"အဲ့ကြောင့် ချစ်နေရတာ အာဘွား "

ထမင်းချက်ပြုတ်အဆင်သင့်ခူးခပ်ပေးလို့ ယောက်ျားဖြစ်သူကို မေတစ်ယောက် လေထဲကနေ fly kissတွေလှမ်းပေးနေလေသည်။

"ဟမ့် အဲ့အပြောလေးတွေနဲ့ ခိုင်းစားနေတာ၁၀နှစ်ကျော်လာပြီနော်အမိ"

"ဟီးဟီး "

မောင်နှမသုံးယောက် ကာတွန်းကားကြည့်နေတဲ့အချိန် လင်မယားနှစ်ယောက် နောက်ဖေးမှာ ထမင်းအရင်ပြီးအောင်စားထားရသည်။မဟုတ်ရင် သူတို့နဲ့တူတူစားလို့ကတော့ ပါးစပ်ထဲ ထမင်းလုတ်ကို
ဖြောင့်အောင်မဝင်နိုင်တာကြောင့်ဖြစ်သည်။

You are My Story (Complete)Tempat cerita menjadi hidup. Temukan sekarang