အကျနေ့မှာမေတို့ ပုဂံကိုလာရင်မဖြစ်မနေသွားရမဲ့ မင်းနန်းသူရွာဘက်ကို သွားရောက်ခဲ့ကြသည်။ ပုဂံကနေရာတိုင်းမှာ ဓါတ်ပုံရိုက်လို့ကောင်းတာမှန်သော်လည်း မင်းနန်းသူဘက်က ဘုရားစေတီတွေမှာတော့ viewပိုကောင်းတာကြောင့် လာရောက်သူအတော်များကြသည်။နောက်ပြီးအဲ့မင်းနန်းသူရွာအနီးအနားမှာရှိတဲ့ ဆင်ဖြူရှင်ကျောင်းတော်ကြီးကိုလဲ ဝင်ခဲ့ကြသေးသည်။ ထိုကျောင်းတော်ကြီးမှာလည်း တမာတန်းလေးတွေရှိလေသည် ။လာရောက်သူအများအပြားက ထိုတမာတန်းလေးတွေနားမှာ အမှတ်တရဓါတ်ပုံရိုက်နေကြသည်။ တမာပင်ဟာ အလှပန်းပင်ထဲမပါပေမယ့်
ပုဂံမြေကတမာကတော့ ထူးခြားစွာ လှပလို့နေပါသည်။
အပြန်မှာတော့ အရင်နေ့က ပုဂံချည်အင်္ကျီဝယ်ချင်ပေမဲ့ သိပ်ကြိုက်တာမတွေ့တာကြောင့် တစ်ယောက်၁စုံသာဝယ်ခဲ့ကြသည် မို့ ယနေ့အမှတ်တရအင်္ကျီဆိုင်ကို ထပ်ဝင်ခဲ့ကြသေးသည် ။"ကို ကြိုက်တာရွေးနော် မေဝယ်ပေးမယ် "
ပိုက်ဆံအိတ်ချိုင်းကြားညှပ်ကာ ဘောစိမမစတိုင်ဖမ်းပြီးပြောနေတဲ့ မေ့ကြောင့် ခန့်တည်ပိုင်မှာ ရယ်ချင်သွားရသည်။
"အော် ...ကိုယ်ပေးထားတဲ့ပိုက်ဆံနဲ့ ကိုယ့်ပြန်ဝယ်ပေးမှာ အားနာစရာကြီးမေရယ် "
"အမယ် ကိုပေးတဲ့ပိုက်ဆံလို့ပြောလို့မရတော့ပါဘူးနော် လင်ပစ္စည်းမယားပိုင်တယ်တဲ့ မကြားဖူးဘူးလား "
"အဲ့ဆို မယားပစ္စည်းကရော "
"မယားပစ္စည်းက မယားဘဲပိုင်တယ် "
"ဒါမချမ်းသီရိမေရဲ့ အဆိုအမိန့်ပေါ့ မျှတတယ်နော် "
"ရွဲ့မနေနဲ့ ယူမှာလား မယူဘူးလားပြော
ကိုမယူလဲ မေယူမှာ ""အဟွင်း ယူပါ ယူပါ ကိုယ့်အတွက်လဲ ရွေးပေးအုံး "
"အွန်း "
မေ ဆိုင်မှာ ပြထားတဲ့အမှတ်တရအင်္ကျီတွေလိုက်ကြည့်တော့ မေတို့ငယ်ငယ်တုန်းကလို တီရှပ်ရောင်စုံလေးတွေနဲ့စပန့်အဖြူလေးတွေနောက်ဘက်မှာ ပုဂံရောက်အမှတ်တရလို့ရေးထားတဲ့အင်္ကျီပုံစံမျိုးလေးတွေသိပ်မတင်တော့ပါ ။အဲ့အစား ခေတ်မှီပြီး ပိုလှတဲ့ ပုဂံချည်သား ဂါဝန်လေးတွေ နောက် ရှမ်းအင်္ကျီပုံစံကို ပုဂံချည်သားနဲ့ အောက်က စပန့်စကပ်အရှည်နဲ့ အတွဲလေးတွေ အဲ့လိုမျိုးသာ ရောင်းကြတော့သည်။
မေလဲ အဲ့လိုမျိုးတစ်စုံနဲ့ ပုဂံချည်ထည်မြန်မာဝမ်းဆက်တစ်စုံထပ်ဝယ်လိုက်ကာ
ရိုးရိုးတီရှပ်အဖြူကိုမှ နောက်က ပုဂံအမှတ်တရဆိုတဲ့စာပါတဲ့အင်္ကျီလေးကိုလဲ ကိုနဲ့မေ့အတွက် ဆင်တူနှစ်ထည် ရှာဝယ်ခဲ့သေးသည်။ အခုနောက်ပိုင်းရောင်းနေတဲ့အင်္ကျီလေးတွေက ပိုလှတာမှန်ပေမဲ့
ပုဂံအမှတ်တရဆိုတဲ့ စာမပါတာကြောင့် မေသိပ်သဘောမကျပါ။ အမှတ်တရအင်္ကျီဆိုတာ အမှတ်ရနေချင်လို့ဝယ်ကြတာဖြစ်ပြီး ကြည့်လိုက်တာနဲ့ ဒါဘယ်သွားတုန်းကဆိုတာမျိုးလေး ခံစားရစေချင်တာဖြစ်သည်။ နောက်ထပ် ကို့အတွက် ချည်အင်္ကျီနှစ်ထည်နဲ့ ပုဂံအဆင်စပန့်သားအင်္ကျီတစ်ထည် ဝယ်ခဲ့သေးသည်။ ထိုဆိုင်မှဆက်၍ ဒေသထွက်အစားအစာဆိုင်ကိုသွားကာ အညာဇီးထန်းလျက် အညာပဲချောင်းနဲ့ ပုန်းရည်ကြီး နောက် အညာဒေသထွက် ဇီးဖျော်ရည်နဲ့ မန်ကျည်းဖျော်ရည်ပုလင်းတွေလည်း ဝယ်ခဲ့ကြသည်။
ESTÁS LEYENDO
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...