မနက်၎နာရီထိုးဖို့ ၁၅မိနစ်လောက်အလိုမှာ နှိုးစက်alarmသံမြည်လာတာကြောင့် ခန့်တည်ပိုင်တစ်ယောက်အိပ်ရေးမဝပေမဲ့လဲထရတော့သည် ရင်ခွင်ထဲက မေမဒီလေးကတော့ မောမောစက်စက်ကို အိပ်ပျော်နေဆဲဘဲ ဖြစ်သည်
ထို့ကြောင့် ကိုယ့်ဘာသာဘဲအရင်ထပြီး မျက်နှာသစ်သွားတိုက်ရေမိုးချိုးထားလိုက်သည် သူနဲ့မေနဲ့ ဒီနေ့ မိုးပျံပူဖောင်းသွားစီးမှာမလို့ စောစောသွားရမှာဖြစ်သည် ရေချိုးပြီး အဝတ်အစားလဲဖို့ရွေးတော့ မိုးပျံပူဖောင်းစီးမှာမလို့ ပုဆိုးသွားဝတ်ရင် လူကြားထဲ လန်ပျံနေမှာစိုးတာကြောင့် ဒီနေ့တော့ style pantအနက်တစ်ထည်နဲ့ မိုးပြာရောင် ရှပ်လက်တိုဘဲ တွဲဝတ်လိုက်သည်
အချိန်က ၄နာရီ၁၅ရှိပြီမိုလို့ မေ့ကိုနှိုးဖို့အတွက် hotelက coffeeတစ်ခွက်အရင်မှာထားရသည် အဲ့လိုမှမသောက်ရရင် ချစ်မိန်းမက မထဘဲ ပြန်ပြန်အိပ်နေတတ်သည်"မေ...ထတော့နော် ၄နာရီခွဲတော့မယ် ကိုတို့ မိုးပျံပူဖောင်းကြီးသွားစီးကြမယ်လေ ထတော့နောက်ကျရင်မစီးရဘဲနေမယ် "
"ဟင် အင်း အင်း ထ..ထရမယ် တော်ကြာမစီးရဘဲနေလိမ့်မယ်နော် "
သူ့ဘာသာသူအိပ်ယာထသင့်ပြီဖြစ်ကြောင်းပြန်သတိပေးပြီး ကုန်းရုန်းထလာသည့်မေမှာ ထိုပူဖောင်းကိုတော်တော်စီးချင်နေပုံပေါ်သည်
"ရော့ coffeeသောက်လိုက်အုံး မျက်စိကျယ်သွားအောင် "
"ဟုတ် "
မေကတော့ ရေချိုးခန်းထဲ ခေါင်းငိုက်စိုက်နဲ့ ဝင်သွားပြီး ကိုယ်ကတော့ အိပ်ယာသိမ်းဖို့ လုပ်လိုက်သည်
နောက်မှ ရုတ်တရက်သတိရလိုက်သည်
"အော်.... ငါကွာ hotel serviceရှိတာမေ့နေတယ် အကျင့်ပါပြီး သိမ်းနေမိပြီ ထားပါတော့ ကိုယ်လုပ်ထားတော့ သူသက်သာတာပေါ့ "မေရေချိုးနေတဲ့အချိန် ခန့်တည်ပိုင်မှာ ယူမဲ့ပစ္စည်းတွေသေချာစစ်ထည့်နေရသည် ဒီမလာခင် ဓါတ်ပုံရိုက်ဖို့cameraတစ်လုံးသီးသန့်ဝယ်လာခဲ့ကာ သူနဲ့မေရဲ့ ဟန်းနီးမွန်းခရီးစဉ်လေးကို မှတ်တမ်းတင်ထားရန်အတွက်
ဖြစ်သည်"ကို.. ခေါင်းဘီးလေးရှာပေးပါအုံး ဒီမှာငှက်သိုက်ဖြစ်နေပြီ "
YOU ARE READING
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...