Extra 5

9.5K 234 6
                                    


နေ့တွေ ရက်တွေ လတွေအလီလီပြောင်းလဲလာခဲ့တယ် ။
မေနဲ့ကိုကတော့ ဒုတိယ မွေးရပ်မြေအခြေချရာနေရာလေးဖြစ်တဲ့နေပြည်တော်မှာဘဲ မိသားစုတာဝန် ဝန်ထမ်းတာဝန်တွေထမ်းရင်း ပင်ပန်းလို့ပင်ပန်းမှန်းမသိ နေ့ရက်တွေကို ဖြတ်သန်းဖြစ်ကြတယ်။
ဘာတွေထူးခြားသေးလဲဆို အင်း..... အိမ်ကအရှုပ်ထုတ်လေးသုံးထုတ်က ပို..ပိုအရှုပ်တွေလုပ်လာတာရယ် အရှုပ်ထုတ်ကြီးကလည်း အိမ်ထောင်ကျခါစနဲ့မတူ ပို..ပိုလူကိုခိုင်းစားလာတာရယ်ဘဲဖြစ်သည်။

အခုလဲကြည့် သားကြီးပထမနှစ်ဝက်လပတ်စာမေးပွဲပြီးလို့ ငွေဆောင် ငွေဆောင်နဲ့ တစ်ဆောင်တည်းဆောင်ပူဆာနေလို့ ခရီးထွက်လာပါတယ် hotelရောက်ကတည်းက အဲ့ကိုယ်တော်ကြီးကအိပ်နေလိုက်တာ နေ့လည်စာစားချိန်ရောက်နေပြီခုထိမထသေးဘူး ။

"ဟမ့် နင်တို့အဖေ အဲ့လောက်အိပ်နေတာကြာရင်ဝက်ဖြစ်လိမ့်မယ်သိလား ကြည့်နေ ဗိုက်ပူနံရွှဲကြီးဖြစ်လာတော့မှာ"

ကိုယ်ကပြောလိုက်တော့သူ့အဖေဘေးထိုင်ဆော့နေတဲ့မိုင်မိုင်က အဖေ့ဗိုက်ကို လက်နဲ့ပူမပူသွားစမ်းကြည့်နေသည်။

"ဦးခန့်တည်ပိုင် ရှင် ..ထမလား မထဘူးလား ကျွန်မတို့ကနေ့လည်စာဘာစားရမှာလဲ
ယောကျ်ားကိုခေါ်လာပါတယ် သူနေငါသွားပစ်ထားလို့ကတော့ ကမ်းခြေပေါ်က ကောင်လေးတစ်ယောက်ဆွဲယူပစ်မှာ ဘာမှတ်နေလဲ"

"ဘာ ပြော တယ်သတ္တိရှိရင်ပြန်ပြောကြည့်လိုက်"

"ရှိတယ် သတ္တိ အမလေး အိမ်ထောင်ကျတာဖြင့် ၁၀နှစ်ကျော်နေပြီ ဒီလူနဲ့ဒီလူ ဘာကြောက်စရာရှိလဲ"

"လာစမ်း ဒီမိန်းမကမကြောက်ဘူးပေါ့လေ"

လူကိုခါးကနေဆွဲပွေ့ပြီးအတင်းအိပ်ယာပေါ်လှဲချနေသည်မို့
ကိုယ့်ခါးကသူ့လက်ကိုဆွဲဖြုတ်ပစ်ရသည်။

"ဖယ်နော် မေ စိတ်ထဲမှာပန်းတွေပွင့်နေတာမဟုတ်ဘူး
ဗိုက်ဆာရတဲ့ကြားထဲ ပိုစိတ်တိုအောင်မလုပ်နဲ့"

"အော်..ကိုယ့်ကလေးလေး ပူတူတူးလေးက ဗိုက်ဆာနေတာကိုး အဲ့ကြောင့်ဒီနှုတ်သီးလေးကစွာနေတာပေါ့လေ"

You are My Story (Complete)Where stories live. Discover now