မေရှုံးခဲ့ပါသည်။ စာပေမှာရော ၊ သူနဲ့ပတ်သက်လို့ရော အရာအားလုံးမှာပေါ့။
ဆယ်တန်းမှာ မေဟာ၃ဘာသာဘဲထွက်ခဲ့ပါသည်။ မေ့အပေါ်ဒီ့ထက်ပိုမျှော်လင့်ထားတာကြောင့် မေ့မိသားစုကမေ့အပေါ်စိတ်ပျက်ခဲ့သလို ၊ မေလဲ ကိုယ့်ကိုယ်ကို စိတ်ပျက်မိပါသည်။ နောင်နောင်ကတော့ လေးဘာသာ ထွက်ခဲ့ပါသည် ။သူ့အတွက်မေဟာ မသက်ဆိုင်ဘဲဂုဏ်ယူမိပြန်ပါသည်။
မြတ်နိုးခင်....သူမလဲဘဲ လေးဘာသာဂုဏ်ထူးထွက်ပါသည်။ သူနဲ့သူမက မေတို့ကျောင်းရဲ့ လေးဘာသာဂုဏ်ထူးရှင်နှစ်ယောက်ဖြစ်သလို ၊တစ်ကျောင်းလုံးဂုဏ်ထူးအများဆုံးရသူများလဲဖြစ်ကြသည်။ မေကတော့အင်္ဂလိပ်စာမှာ ဂုဏ်ထူးထွက်ဖို့၃မှတ်လိုတာကြောင့် ၃ဘာသာ, သာထွက်ခဲ့ပါသည်။ အထက်တန်းကျောင်းမှာ မေ့ရဲ့အကြီးမားဆုံးဆန္ဒတစ်ခုလဲဖြစ်တဲ့
ဂုဏ်ထူးဆောင်ခန်းမမှာ သူနဲ့အတူဓါတ်ပုံချိတ်ခွင့်ရချင်ခဲ့သည့်ဆန္ဒဟာ အခုတော့မပြည့်နိုင်တော့ပါ။ ထိုအစား သူမဟာသူနဲ့အတူဓါတ်ပုံယှဥ်တွဲချိတ်နိုင်ခဲ့ပါသည်။
သူမဟာ အမြဲတမ်း သူ့ဘေးမှာယှဥ်ရပ်နိုင်ခဲ့တာပါဘဲလေ ။
မေတစ်နှစ်ပတ်လုံးကြိုးစားခဲ့လို့ရတဲ့ဆုကို မေသွားမယူခဲ့ပါ။ သူတို့နှစ်ယောက်ယှဥ်တွဲရပ်နေမည့်ပုံကို မေထပ်မကြည့်နိုင်တော့တာကြောင့်ပင်။တက္ကသိုလ်ရွေးချယ်ကြတဲ့အခါ မေဟာဝါသနာမပါသော်လည်း အိမ်၏စီစဥ်မှုအရ မေတို့မြို့ကနည်းပညာတက္ကသိုလ်ကိုဘဲရွေးချယ်ခဲ့ပါသည် ။ မေမေက ပြောခဲ့သည် ဆရာဝန် မဖြစ်လျှင် အင်ဂျင်နီယာ ဖြစ်ရမည်တဲ့။ တကယ်တော့မေဟာ ရန်ကုန်တက္ကသိုလ်ကိုတက်ချင်ခဲ့တာဖြစ်သည်။
မေ့အမှတ်ဟာမှီသော်ငြားလည်း မိသားစုဆန္ဒကိုတခါမှမငြင်းဆန်ခဲ့ဖူးသောမေဟာ
ဘဝလမ်းကြောင်းကိုရွေးချယ်ရာမှာလဲ မငြင်းဆန်ခဲ့ပါ။ မငြင်းဆန်ခဲ့သည့် အကြောင်းအရာများထဲမှာ သူလဲ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သည်ပင်။ မေတို့နိုင်ငံမှာ ဆရာဝန် အင်ဂျင်နီယာဆိုသည်ကား အမြင့်ဆုံးသောဘွဲ့ဟု လူအများက သတ်မှတ်ကြသည်။ ထိုသည်ဟာလဲ နှစ်အတော်ကြာနေပြီဖြစ်သည့် logicတစ်ခုဘဲဖြစ်သည်။
သူဟာ စစ်ဆေးတက္ကသိုလ်ကိုရွေးချယ်ခဲ့တာကြောင့် အချ်ိန်တန်လျှင် ဆရာဝန်တစ်ယောက်ဖြစ်မည်ဖြစ်သည်။ အခုခေတ်မှာ ယောကျ်ားလေးများဟာ ဆေးတက္ကသိုလ်အမှတ်မမှီလျှင်စစ်ဆေးကိုရွေးချယ်ကြသည်။ စစ်ဆေးတက္ကသ်ိုလ်ဘွဲ့ရပြီးလျှင်တော့ ခြေထောက်ကျ်ိုးသည်၊ လက်ကျိုးသည် စသဖြင့် အကြောင်းပြချက်များပြကာ အလုပ်ထွက်ကြပြီး ၊နိုင်ငံခြားပညာတော်သင်ထွက်ကာ ရိုးရိုးဆေးရုံများမှာ အထူးကုသမားတော်အဖြစ် လုပ်ကိုင်ကြသည်။ သူသည်လဲ ဒီလမ်းကြောင်း
အတ်ိုင်း လုပ်လိမ့်မည်လား ၊ ဆက်လုပ်မလား ဆိုတာတော့မေ မသိပါ။ သို့သော်လည်း သူဆရာဝန်လုပ်မည်ဆိုသောကြောင့် မေဟာ အင်ဂျင်နီယာဖြစ်ဖို့ရွေးချယ်ခဲ့သည်။ အချိန်တန်လျှင်သူဟာ
Dr ဥာဏ်နောင်လင်း ဖြစ်မည်ဖြစ်တာ
ကြောင့် မေဟာလဲ P. H .Dထိတက်ကာ
Dr ချမ်းသီရိမေ ဖြစ်အောင်ကြိုးစားမည်ဟုဆုံးဖြတ်ထားသည်။ သူနဲ့ အခန်းလဲမတူတော့သလို၊ တက္ကသိုလ်လဲမတူတော့ပါ ။
ဒါ့အပြင် နေသည့်မြို့ပါ မတူတော့တာဖြစ်သည်။ သို့သော်လည်း မြတ်နိုးခင်နဲ့နောင်နောင်ကတော့အတူတူရှိနေကြအုံးမည်ပင်။ မြတ်နိုးခင်ဟာ မထင်မှတ်ထားစွာ YUFLကို တက်ဖို့ရွေးချယ်ခဲ့တာကြောင့် သူတို့နှစ်ဦးဟာ ရန်ကုန်မှာ အတူတူရှိကြမည်ဖြစ်သည် ။
မေကတော့ ဒီမြို့လေးမှာဘဲ အမှတ်တရများစွာနဲ့တစ်ယောက်တည်းကျန်ရစ်ခဲ့တော့မည်ပေါ့......
KAMU SEDANG MEMBACA
You are My Story (Complete)
Romansa"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...