ကိုက အမေတို့ချကျွေးတဲ့ ကော်ဖီနဲ့မုန့်တွေထိုင်စားနေတဲ့အပြင် အဖွားသုပ်ထားတဲ့ လက်ဖက်သုပ်ကိုပါ နှိုက်စားနေလိုက်သေးသည် အဖွားကတော့ သူသုပ်ထားတာကြိုက်တယ်ဆိုပြီး သဘောတွေကျလို့နေသည်
အဖိုးကလဲ သူနေ့တိုင်းဖတ်သမျှသတင်းစာထဲက အကြောင်းတွေကို အမြဲတမ်းသူများတွေကို လိုက် လိုက်ပြောသည် သို့သော် ဘယ်သူမှနားမထောင်ချင်ပါ အဖွားကတောင် နားငြီးတယ် တော့်ပါးစပ်ပိတ်ထားလို့အမြဲပြောနေကျဖြစ်သည် အခုတော့ဖြင့် ပါးစပ်ကနေ စက်သေနတ်ပစ်ထားသလိုမျိုး သူသိတဲ့သတင်းတွေ နောက် သူအလုပ်လုပ်တုန်းကဘယ်လိုရုန်းကန်ခဲ့ရတဲ့အကြောင်းတွေ ကို့ကို အကုန်ထိုင်ပြောနေလေသည် ကိုကလဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ စိတ်ဝင်တစားနားထောင်နေပြန်သည်
ကို့ပုံစံကိုကြည့်ကာမေ့မှာရီတောင်ရီချင်လာသည် မေတို့ငယ်ငယ်တုန်းကလဲ အဖိုးပြောပြတာတွေကို အရမ်းစိတ်ဝင်စားခဲ့ပါသည် သို့သော် အခေါက်ပေါင်းသောင်းချီမက ကြားလာရတဲ့အခါမှာတော့ နားငြီးလာတော့သည် အခုမှလူသစ်လေးဖြစ်တဲ့ကိုကတော့ တော်တော်စိတ်ပါလက်ပါ နားထောင်နေရှာသည် နောက်တော့သူလဲမေတို့လိုဖြစ်လာမှာမြင်ယောင်သေးသည်
ဒီပုံအတိုင်းဆို အဖိုးက ထမင်းမစားဘဲတောင် ထိုင်ပြောနေမဲ့ပုံမို့ မေဝင်ကာစကားစဖြတ်လိုက်ရသည်"ကို့ မုန့်တွေယူလာတယ်မလား"
"အော် အင်း "
"ဖွားဖွား ဒါမန္တလေးကထွက်တဲ့ မုန့်လေးတွေ ဖွားဖွားတို့အတွက် သားဝယ်လာတာ "
"ဟေ မလိုပါဘူးကွယ် အားနာစရာကြီး "
"wow ရီမွန်လက်ဖက် အကြော်စုံတော့ စိန်ပလောင်က ငါးရံ့ခြောက် လက်ဖက်နှပ်လဲပါတယ် မြင့်မြင့်ခင် ထိုးမုန့် လမုန့် နောက် ဆနွင်းမကင်း ချောကလက်အုန်းမလိုင် အများကြီးဘဲ အကုန်အဖွားအကြိုက်တွေချည်းဘဲ "
"ဟဲ့ အငယ်မရေ ပြန်ချစမ်း ဘယ့်နှယ့် ဧည့်သည်တောင်မပြန်သေးဘူး "
"ဘာဖြစ်လဲ အဖွားကလဲ ကိုယ့်ခဲအိုလောင်းပေးတာဘဲဥစ္စာ "
မေ့ညီမလေးရဲ့ ခဲအို ဆိုတဲ့အခေါ်အဝေါ်ကြောင့် ပါးစပ်ကနားရွက်ချိတ်မတက်ဖြစ်သွားရကာ စိတ်ထဲ ဟန်သာ့အတွက်အမရပူရက အထည်တွေ လက်ဆောင်ယူလာခဲ့ရမှာလို့တောင် တွေးမိသွားသည်
VOCÊ ESTÁ LENDO
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...