အပိုင်း(၂၂)

4.1K 44 2
                                    

အဖွားနဲ့အဖိုးနဲ့အတူတူအကြာကြီးနေချင်ပေမဲ့ Duty reportတင်ဖို့ကလဲရှိတာမို့၂ညအိပ်ပြီး၃ရက်မြောက်နေ့မှာပြန်လာခဲ့သည်။ အပြန်ခရီးကတော့တကယ်မထင်မှတ်ထားစွာဘဲဖြစ်သည်။ရန်ကုန်-ပြည်ကို ပြေးဆွဲတဲ့ အန်စာတုံးကားလေးတွေရှိတာကြောင့်အလာတုန်းကအဆင်ပြေပေမဲ့ ပြည် -နေပြည်တော်အပြန်ကျ ကားအကြီးကြီးတွေဘဲရှိသည်။  မေက အမြင့်ကား အလုံပိတ်ဆိုရင် အသေကားမူးတတ်ကာ လူးလိမ့်နေအောင်ခံရသည်မို့ မေ့မှာအပြန်ခရီးကိုကြိုတွေးကာစိတ်ညစ်နေပေမဲ့ အရာရာအဆင်ပြေသွားရသည်။ ဒါကလဲ ကို့ကျေးဇူးကြောင့်ဘဲဖြစ်သည်။ ကိုက ကားမောင်းသမားနဲ့အဖော်မိန်းကလေးတစ်ယောက်ထည့်ပြီး ကားလွှတ်ပေးလိုက်သည်လေ။ ထို့ကြောင့် အပြန်ခရီးလေးကို အိမ်စီးကားလေးနဲ့ ဇိမ်ကျကျပြန်လာခဲ့ရသည်။

နေပြည်တော်ရောက်တော့ ညနေမှောင်ခါနီးဖြစ်သည်။ မနက်စောစောပြည်ကထွက်လာခဲ့ပေမဲ့ အေးအေးဆေးဆေးမောင်းပြီး လမ်းမှာ ခဏခဏရပ်ပေးတာကြောင့် Expressတွေထက်တော့ နည်းနည်းကြာသည်။ ဒါပေမဲ့ကားမူးခြင်းဝေဒနာကိုတစ်စက်မှမခံစားလိုက်ရဘဲ အဆင်ပြေပြရောက်လာတာကပင် မေ့အတွက်ဝမ်းသာစ ရာဖြစ်သည်။

ဝန်ထမ်းအိမ်ယာဝန်းဂိတ်ပေါက်ရောက်တော့ ကိုကကားတစ်စီးနှင့် ရပ်စောင့်နေလေသည်။

"အယ် ကို့ ဘာလို့စောင့်နေတာလဲ ရုံးဆင်းတာသိပ်ကြာသေးတာမဟုတ်ဘူးပင်ပန်းနေမှာကို "

"ကိုယ့်ချစ်သူလေးပြန်လာတာဘဲစောင့်ရမှာပေါ့ဗျာ ကိုယ်က ကိုယ်တိုင်တောင်လာခေါ်ချင်တာ ဒါပေမဲ့ရောက်ရောက်ချင်းကို လူကြီးကခိုင်းတဲ့အလုပ်လေးပေါ်လာတော့ ကိုယ့်မှာခွင့်ယူလို့မရလို့"

"မေနားလည်ပါတယ်ကိုရဲ့ ကိုလုပ်ပေးတာအများကြီးဖြစ်နေပြီမေ့အတွက်လုံလောက်တာထက်ပိုပါတယ်"

"အဟွန်း  မေကတော့ ပြောတဲ့စကားလေးကစ သူများစိတ်ချမ်းသာအောင် ပြောတတ်တယ် "

"ဒါပေါ့ ဘယ်သူ့ချစ်သူမိုလို့လဲ "

"ခန့်တည်ပိုင်ချစ်သူလေ "

"အဟမ့် ဟို အကိုလေး "
တစ်တစ်တူးနေသောချစ်သူစုံတွဲအားမနှောင့်ယှက်ချင်ပေမဲ့ ကားကဘယ်ဆက်မောင်းရမယ်မှန်းမသိဘဲ ဂိတ်ပေါက်ဝကြီးမှာရပ်နေရတာကြောင့် မပြောမဖြစ်ဝင်ပြောရတော့သည်

You are My Story (Complete)Onde histórias criam vida. Descubra agora