Hello ချစ်လေးတို့ရေ သာသာပျောက်နေတာကြာပြီနော် သာသာ့ကိုသတိရသေးရဲ့လား သာသာကတော့ ဒါဒါလေးတို့ကိုအရမ်းလွမ်းနေတာ
ကဲ အခုလာပြောတာက အသိပေးစရာလေးရှိလို့ပါ you are my storyမှာ warning တစ်ပိုင်းနဲ့ mature အသုံးအနှုန်းလေးတွေပါတဲ့ ဟာအကုန်ဖြုတ်ပြီးမှ စာအုပ်ထုတ်ထားတာပါ wattpadမှာတော့မူလဟာအတိုင်းဖတ်လို့ရပါတယ် အဲ့တော့ စာအုပ်လေးဝယ်မယ့်သူတွေက you are my storyဝတ္ထုလေးကို လူရှေ့သူရှေ့လဲ ရဲရဲဝံ့ဝံ့ဖတ်လို့ရပါတယ် အဲ့ဒါတင်မကဘဲ အိမ်က ဖေဖေ မေမေ အစ်ကို အစ်မတွေ တွေ့သွားလည်း ဘာမှမဖြစ်တော့ဘူးနော် တွေ့သွားရင် ဖတ်ကြည့်ကောင်းတယ်လို့သာပြောလိုက်😝😝😝😂😂 orderက ယနေ့ည ၈နာရီ My sunshine book publishing houseမှာ orderစကောက်မှာပါ ဝယ်ယူသူတိုင်းကို book markလေးလက်ဆောင်ပေးမှာပါ
စာအုပ်တန်ဖိုးလေးက( ၁၁၅၀၀) ပါ
deadlineကို တစ်လကြီးများတောင် ထားပေးထားပါတယ် တစ်နေ့ကို ၅၀၀ဘဲစုတောင် ရနေပြီနော်သဲလေးတို့
နောက် တန်ဆာခကိုစိတ်ပူနေကြတဲ့သဲလေးတို့အတွက်က ပန်းပို့ စနစ်နဲ့အိမ်တိုင်ရာရောက်ပို့ပေးမှာမလို့ စိတ်မပူနဲ့တော့နော်
ပန်းပို့ဆိုတာက ပန်းဆက်လမ်းစာအုပ်တိုက်ကတည်ထောင်ထားတဲ့ မြန်မာနိုင်ငံရဲ့မြို့ကြီး၂၀၀ကျော်ကို ပို့ခ၁၀၀၀ တည်းနဲ့ ပို့ပေးတဲ့စနစ်ပါနောက် စာအုပ် တန်ဖိုးနဲ့ပတ်သက်တာလေးရှင်းပြချင်လို့ပါ စာအုပ်က စာမျက်နှာ ၆၉၃တောင် ရှိသွားပါတယ်သဲလေးတို့
ပုံမှန် ၆၀၀ ဝန်းကျင်ဆို ၂အုပ်ခွဲရပါတယ် အဲ့ဆိုစျေးပိုများသွားမှာစိုးလို့ သာသာအတင်းကိုမရမကတောင်းဆိုထားတာကြောင့် နောက်ဆုံး တစ်အုပ်တည်းထုတ်လို့ရသွားပါတယ်စျေးသက်သာအောင် soft cover white paperလုပ်ပေးထားပါတယ်
သာသာ က coverဖိုးစိုက်ပေးထားတာမို့ပုံမှန်ဆို စာမူခပိုယူရမှာပါဒါမဲ့ သဲလေးတို့စာအုပ်စျေးနည်းနည်းလေးဖြစ်ဖြစ်လျော့သွားအောင်ဆိုပြီး သာသာ သူများတန်းတူရတဲ့စာမူခထက် လျော့ယူထားပါတယ် အုပ်၃၀လောက်ရောင်းရတောင် သာသာစိုက်ထားတဲ့တစ်ဝက်လောက်ဘဲပြန်ရတာပါ ဒါက သာသာစာမူခအများကြီးယူထားလို့စာအုပ်စျေးကြီးနေတယ်ထင်မှာစိုးလို့ရှင်းပြတာပါနော်
နောက် ဘာလို့ ဒီအချိန်မှာစာအုပ်ထုတ်လိုက်လဲဆိုတော့ နောက်ကျ စာရွက်စျေးတွေပိုတက်တော့မှာမလို့ အခုအခြေအနေမှာမဖြစ်မနေထုတ်လိုက်ရတာပါ
သာသာ့အခြေအနေလေးတွေကိုလည်း နားလည်ပေးစေလိုပါတယ်
ကဲ spoilပေးရရင် extraက အရမ်း အရမ်း အရမ်းကို roထားပြီး အရမ်းလဲရယ်ရပါတယ် ခန့်တည်ပိုင်ကိုလဲ မေ့ရဲ့ခင်ပွန်းအဖြစ်အပြင် ကလေးတွေဖေဖေအဖြစ်ပါ မြင်သာအောင် ဖန်တီးပေးထားပါတယ်
ဖတ်ချင်သွားကြပြီမလား 😉😉ဖတ်ချင်ရင် ခဏနေသွားorderတင်လိုက်နော် သာသာစိတ်မဆိုးဘူး😆😆😆မဝယ်နိုင်တဲ့ဒါဒါလေးတွေအတွက်လဲ သာသာပစ်မထားဘူးနော် အစီအစဥ်ရှိပါတယ် နည်းနည်းတော့စောင့်ရအုံးမယ်
မကြာမီလာမည် မျှော်ပါ
ကဲ အားလုံးဘဲ ကျန်းမာချမ်းသာကြပြီး ပျော်ရွှင်ကြပါစေ သာသာ့စာအုပ်လေးလဲ များများဝယ်နိုင်ကြပါစေနော်😝
YOU ARE READING
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...