အပိုင်း(၃)

12.2K 393 12
                                    

မေ ကျောင်းတက်ရက်တွေကိုပုံမှန်ဘဲဖြတ်သန်းလို့နေပါတယ်။ တစ်ခါတလေ ပင်ပန်းသလို တခါတလေ ပျော်ရတယ်၊ တခါတလေကျ စိတ်ညစ်သလို တခါတလေကျလဲ ဘာမှမထူးခြားဘဲပုံမှန်သာ။

သူ့ကိုလား ...
သူ့ကိုတော့ မေပြိုင်ပွဲပြီးကတည်းက သိပ်တွေ့ခွင့်မရပါ။ သူနဲ့မေကအခန်းမတူတဲ့အပြင် သူကနေ့လည်ကိုထမင်းစားပြန်ပြီးကျောင်းတက်ခါနီးမှ ပြန်လာတာကြောင့်
ကျောင်းတက်ကျောင်းဆင်းလောက်သာ ရံဖန်ရံခါ တွေ့ခွင့်ရပါသည်။

တချို့သာ မေ့အဖြစ်ကိုသိရင်ပြောကြမယ် အခွင့်အရေးလေးဖန်ပြီးတွေ့သင့်တာပေါ့လို့.....

ဟင့်အင်း မေ ....မလုပ်ဘူး။ မေဟာသတ္တိမရှ်ိတဲ့ မိန်းကလေးတစ်ယောက်မို့ သူ့အနားကိုမေ မလှမ်းရဲပါ။ နောက်ပြီး မေဟာဖန်တီးယူရတဲ့ ဘယ်အရာကိုမှ မနှစ်သက်ပါ။
သူနဲ့ဒီအတိုင်းလေးဘဲ မထင်မှတ်တဲ့တွေ့ဆုံမှုလေးတွေကိုသာ မေမျှော်လင့်စောင့်စားမိပါသည်။
◽️◽️◽️◽️◽️◽️◽️◽️◽️

မေ နှစ်တိုင်းပြိုင်ပွဲတော်တော်များများကိုဝင်ပြိုင်ခဲ့သည်။ သူနဲ့တွေ့ရမယ်ဆိုတဲ့မျှော်လင့်ချက်လေးအနည်းငယ်တော့ပါတာပေါ့လေ။
အင်း ....ဒီနှစ် ၇တန်းနှစ်မှာလည်း မေဟာပြိုင်ပွဲတွေနဲ့ နပန်းလုံးရအုံးမည်ထင်ပါသည်။
မေ ပင်ပန်းပေမဲ့ဆက်လုပ်နေအုံးမည်။ ဘာလို့ဆို ထိုအရာဟာ သူမေ့ကိုသတိထားမိန်ိုင်မဲ့ တစ်ခုတည်းသော အရာမို့ပါ။

ဒါပေမဲ့ ဘယ်ပြိုင်ပွဲမှမပြိုင်ဘဲ သူနဲ့ဆုံတွေ့ခွင့်ကို ကံကြမ္မာဟာ မေ့ကိုပေးအပ်လာခဲ့သည်။
၇တန်းနှစ်တွင် သင်္ချာကို မေ့အိမ်တွင်ကျူရှင်ဝိုင်းလုပ်ခဲ့ကာ စုစုပေါင်းမိန်းကလေး၃ယောက်နဲ့ဝိုင်းထားတာဖြစ်သည်။ တစ်နေ့ မေတို့ရဲ့ကျူရှင်ဝိုင်းထဲကို ဆရာမကသူ့ကိုခေါ်လာခဲ့လေသည်။

ထို့နေ့က မေ့အိမ်ပေါက်ဝမှာ သူ့ကိုမြင်လိုက်ရတော့ မေ့မှာကျောက်ရုပ်သဖွယ်ဖြစ်သွားတော့သည်။

ထိုအချိန်က သူမေ့ကိုပထမဆုံးစကားလာပြောခဲ့သည်။

"ငါ ...နင်တို့ဝိုင်းမှာ တက်ချင်လို့ "
မေ့အတွက်တော့ ဘယ်လောက်ဘဲ စိတ်ထဲမှာ မီးရှူးမီးပန်းတွေပွင့်နေပါစေ အပြင်မှာတော့သိသာသွားလို့မဖြစ်ပါ။

You are My Story (Complete)Where stories live. Discover now