အပိုင်း (၃၁)

9.3K 332 11
                                    

ဒီနေ့က သင်္ကြန်အကြိုနေ့မိုလို့ မနက်မိုးလင်း ကိုယ်လက်သန့်စင်ပြီးတာနဲ့ သင်္ကြန်တွင်းပဌာန်းအဓိဌာန်စလိုက်ကာ စောစောစီးစီး အခန်းထဲမှာဘဲ ပဌာန်းရွတ်ဖတ်ပူဇော်လိုက်သည်။
ပြီးခါမှ မနေ့ကလို သနပ်ခါးရေကြဲလေးကိုမှပါးကွက်လေးခပ်ပါးပါးကွက်လိုက်ကာ ယူလာတဲ့ဝတ်စုံတွေထဲကမှ အဝါရောင်အောက်ခံကိုအစိမ်းရောင်သစ်ရွက်ပုံစံလေးတွေပါတဲ့ ဂါဝန်ဒူးကျလေး လဲဝတ်လိုက်သည်။ ဆံပင်ကိုတော့ ဘာမှမလုပ်တော့ဘဲ ဒီတိုင်းချထားလိုက်ကာရှေ့ဆံပင်ကိုဘဲ ယိုးဒယားကလစ်လေးနဲ့ ထိုးတင်ထားလိုက်သည်။

"ကဲ ဒီလောက်ဆို Okပြီ "
မေက တမင်မနက်အစောကြီး ထထားတာကြောင့် အကုန်လုံးပြင်ဆင်ပြီးတာတောင် မနက်၆နာရီခွဲဘဲရှိသေးသည်

မီးဖိုခန်းထဲဝင်လာတော့ အန်တီ့ကိုမတွေ့ရဘဲ မနက်စာပြင်နေတဲ့ ဦးကိုသာ တွေ့ရသည်

"Good morningပါ ဦး"

"အော် ...အေး သမီး Good morningပါကွယ်
အစောကြီးနိုးနေတာလား သားကြီးနဲ့သူ့အမေကတော့ ဦးဆင်းလာတုန်းက မနိုးကြသေးဘူးကွယ့်"

"ဟုတ်ကဲ့ ဦးအစောကြီး ပန်းသွားခူးတာလား"

"အေးဟုတ်တယ်သမီးရေ သမီးအန်တီက
သင်္ကြန်ဆို သူနိုးတာနဲ့ ပိတောက်ပန်းကိုတွေ့ရမှ မဟုတ်ရင် သင်္ကြန်တွင်းတစ်တွင်းလုံးကောက်နေရော "

"ဟီးဟီး "

"သမီး ဘာကူပေးရမလဲဟင် "

"ရတယ် သမီး သီးစုံထမင်းကြော်လုပ်နေတာ ပြီးတော့မယ် မလိုဘူး အေးဆေးထိုင်နေ "

"သီးစုံထမင်းကြော်လား"

"အင်း သမီးမစားဖူးဘူးလား စားကြည့် အရမ်းကြိုက်သွားလိမ့်မယ်
ကိုခန့်က ဒါကိုအရမ်းကြိုက်တာလေ ငယ်ငယ်ကဆိုတခါတလေ သုံးနပ်လုံးသီးစုံထမင်းကြော်ဘဲစားတာ ဦးတို့မှာ အစာမကြေမှာစိုးလို့ မနည်းတားယူရတယ်"

"အယ် ဟုတ်လား အဲ့ဒါက ဘယ်လိုလုပ်ရတာလဲဟင် ဦး"

"ဒါကလား မုန်လာဥနီရယ် ဂေါ်ရခါးသီးရယ် ပန်းဂေါ်ဖီရယ် နောက် ပဲသီး ပြောင်းဖူး မုန်ညှင်း ဂေါ်ဖီ အစုံပါးပါးလှီးပြီးထမင်းရယ် ကြက်ဥရယ်နဲ့ရော​ကြော်တာ အရသာကတော့ ထူးထူးခြားခြားမထည့်ပါဘူး ခရုဆီ ငံပြာရည် အချိုမှုန့်နည်း နည်း သကြားနည်းနည်း နောက် မဆလာလေးနည်းနည်းအုပ်ပေါ့ အဲ့ဒါဆို သီးစုံထမင်းကြော်ရပြီ
အသားကြိုက်ရင် ကြက်သား ဝက်သား ကြိုက်တာထည့်ပေါ့သမီးရယ် သားကြီးကတော့ အဲ့လိုထည့်ကြော်တာမကြိုက်ဘူး သူက ကြက်သားကြော်နဲ့သပ်သပ်စားတာ "

You are My Story (Complete)حيث تعيش القصص. اكتشف الآن