အပိုင်း(၂၀)

12K 388 20
                                    

အိမ်အပြန်လိုက်ပို့တဲ့လမ်းမှာ ကိုယ်ပေးထားတဲ့ ပန်းစည်းလေးကို တဖွဖွနမ်းနေတဲ့မေ့ကြောင့် ကိုယ်လဲကြည်နူးရသည်

"ပန်းစည်းကို အဲ့လောက်တောင်သဘောကျလား လက်ထဲကကိုမချတော့ဘူး "

"ဟုတ် အရမ်းကြိုက်တယ် ပန်းလေးတွေကအရမ်းလှတာဘဲ "

"အဲ့ပန်းကိုတဖွဖွနမ်းနေမဲ့အစား ကိုယ့်ကိုနမ်းပါလား "

"ဟင် ...မေ ကိုယ့်ကိုအနမ်းလေးမပေးချင်ဘူးလားလို့"

"ကိုနော် ကားမောင်းနေတာကို လျှောက်စမနေနဲ့ရှေ့ကိုကြည့်မောင်း "

"မေကဘေးမှာရှိနေတော့ ကိုယ်ကအာရုံမစိုက်နိုင်တော့ဘူးလေ "

" ရှေ့ကိုကြည့်လို့ မေ စ်ိတ်ဆိုးတော့မှာနော် "

"စိတ်တော့မဆိုးပါနဲ့ဗျာ အဲ့ဆို ကိုယ့်ကိုမေ့လက်လေးပေးကိုင် "

"ကားမောင်းနေတာကို "

"ဘာမှမဖြစ်ပါဘူး လုပ်ပါကွာ "

"ကိုကတော့ တကယ်ဘဲ "

မောင်းနေရင်းသိပ်မကြာဘူး ဟန်သာတို့အဆောင်တိုက်ခန်းရှေ့ ရောက်လာတော့သည်

"ရောက်ပြီ "

"အဲ့ဆို မေသွားတော့မယ်နော် "

ကားတံခါးဖွင့်ပြီးထွက်ဖို့အသင့်ပြင့်နေတဲ့မေ့ကို ဆွဲထားလိုက်ကာ

"နှုတ်ဆက်အနမ်းလေးတောင်မပေးဘဲ ဒီတိုင်းသွားတော့မယ်ပေါ့လေ "

"ကိုကလဲ ဒါဘဲပြောနေတယ် "

"ဒါဘဲပြောမှာပေါ့ ဒါဘဲလိုချင်နေတာကို "

"မပေးလဲ ရအောင်ယူတယ်ဗျာ "
ထို့နောက် မေ့နှုတ်ခမ်းထက်သို့ ပူနွေးနူးညံ့သောအရာတစ်ခုထိကပ်လာတော့သည်
ကိုက ခါတိုင်းလို ထိရုံလေးမျှ မဟုတ်ဘဲ ဆက်နမ်းနေခဲ့သည်။
ဘဝမှာ အနမ်းခံရတယ်ဆိုလို့ မွေးအမေနဲ့ အရုပ်ဆီကဘဲရှိတဲ့မေ့အတွက် ဘယ်လိုတုံ့ပြန်ရမှန်းမသိတာကြောင့် တောင့်တောင့်ကြီးဘဲ ဆက်နေ နေမိသည်။

"ပါးစပ်ဖွင့် "

"ရှင်..."

ထို့နောက် ကို့နှုတ်ခမ်းက မေ့ဆီအတင်းတိုးဝင်လာကာ နင့်သည်းကြာရှည်သော အနမ်းတစ်ခုကိုပေးလာသည်။
မေအသက်ရှူကြပ်လာတော့ ကို့ကိုတွန်းဖယ်ကာမှ ကိုကနောက်ဆုတ်ပေးသည်။
ဒါတောင်မပြီးသေးဘဲ မေ့နားသစပ်ကို နမ်းနေသေးသည်။

You are My Story (Complete)Onde histórias criam vida. Descubra agora