အပိုင်း(၁၁)

10.9K 427 32
                                    

မေ့မှာ ကားစထွက်ထွက်ချင်း တစ်ခါတည်း အမူးအန်ပျောက်ဆေး သောက်ထားရသည်။
ကားပေါ်ကအနံ့ကလဲ တကယ်မှတော်တော်ဆိုးဆိုးပင်။ ကားကစထွက်ရုံရှိသေး လူကအသက်ရှူရတာကစအဆင်မပြေချင်တော့ပေ။ ဘာလုပ်ရမယ်မှန်းမသိ  ဟိုကြည့်သည်ကြည့်လုပ်နေရာမှ ရုတ်တရက် ဆရာ့ကိုပေးရမဲ့ လက်ဆောင်ကိုသတိရသွားသည်။

"ဟိုလေ ဆရာ "

"ဟင် ပြောလေ မေ "

"နည်းတယ်များတယ်တော့မတွေးပါနဲ့နော်
ဆရာ့ကို ဒါလေးလက်ဆောင်ပေးချင်လို့ပါ "

"လက်ဆောင်? "

"ဟုတ် ဆရာက မေ့ကိုမုန့်လဲဝယ်ကျွေးတယ် ဖောင်ကြီးသွားဖို့ကိုလဲ လက်ဆောင်တွေအများကြီးပေးထားတာ  မေလဲ ဆရာ့ကို တစ်ခုခုပြန်ပေးချင်လို့ပါ လက်ခံပေးပါနော်ဆရာ "

"ဆွယ်တာလေးဘဲ "

"ဆရာကြိုက်ရဲ့လားတော့မသိဘူး သမီးလဲ အမျိုးသားဝတ်တခါမှလက်ဆောင်မပေးဖူးတော့ သိပ်မရွေးတတ်လို့ပါ "

"ကြိုက်တာပေါ့  မေရဲ့ အဟွန်း တခါတည်း ဝတ်ကြည့်လိုက်မယ်နော် "

မေသာ ကိုယ့်ကို ပေးတဲ့လက်ဆောင်ဆို အဆိပ်ရှိတဲ့မြွေဆိုရင်တောင် လက်ပေါ်ကမချကိုင်ထားမှာ လို့ သူမလေးကိုပြောပြလိုက်ချင်ပေမဲ့ အခုတော့ထိုစကားများကို ရင်ထဲမှာသာပြောနိုင်သေးသည်

"ဘယ်လိုနေလဲ ကိုယ်နဲ့လိုက်လား "

"ဟင် "

"အော် အဟန့်  ဆရာနဲ့အဆင်ပြေရဲ့လားမေးတာ "

စိတ်ထဲကနေ ​သုံးနေကျဖြစ်တဲ့ 'ကိုယ်'ဆိုတဲ့ အသုံးအနှုန်းကို ယောင်ပြောထွက်သွားတော့ ရှေ့က ကလေးမက ပြူးကြောင်ကြောင်လေးနဲ့ပြန်ကြည့်နေသည်

ကော်ဖီရောင် ဆွယ်တာလေးက အသားဖြူတဲ့ ဆရာရဲ့ကိုယ်ပေါ်မှာ ပိုထင်းနေကာ
modelတစ်ယောက်လိုကို ဆရာကချောနေလေသည် ။'တကယ့်ကိုဆရာက နာမည်အတိုင်း ခန့်နေတာဘဲ '

"ဟုတ် ဆရာနဲ့ တော်တော်လိုက်တယ် "

"အဟွန်း မေ အဆင်ပြေတယ်ဆိုရပြီ
ဒီတိုင်း ဝတ်ထားလိုက်တော့မယ် "

ထို့သို့ လက်ဆောင်ပေးပြီးတဲ့နောက် ၂ဦးကြားအတော်လေးတိတ်ဆိတ်သွားသည်။
မေကလဲ ဘာအကြောင်းဆက်ပြောရမယ်မှန်းမသိတာကြောင့် ဒီတိုင်းမှိန်းနေလိုက်ဖို့ဘဲ ရွေးချယ်လိုက်တော့သည် ။

You are My Story (Complete)Donde viven las historias. Descúbrelo ahora