ကို့မွေးနေ့ကို မေမှတ်မှတ်ရရရှိနေခဲ့သော်လည်း မေ့မွေ့နေ့ကျရောက်လာတဲ့အချိန်မှာတော့ မေ မေ့နေခဲ့သည်
အကြောင်းကတော့ မေရာထူးတိုးစာမေးပွဲဖြေနေတဲ့အချိန်ဘဲမိုလို့ဖြစ်သည်
ငယ်ငယ်ကတည်းက အမြဲကြိုတင်ပြင်ဆင်ချိန်ရတဲ့စာမေးပွဲမျိုးကိုသာဖြေခဲ့ရပြီး
ဒီ PSCစာမေးပွဲကတော့ ရုတ်တရက်ထခေါ်တာဖြစ်ပြီး ပြင်ဆင်ချိန်၂လလောက်သာရသည် သို့သော်ထို၂လအတွင်း ဘာကိုလေ့လာရမယ်မှန်းမသိအောင်ကို မေးချင်တာမေးတဲ့စာမေးပွဲဖြစ်သည်
ဥပမာ သူက နာမည်ကြီးအမေရိကန်စာရေးဆရာတစ်ယောက်ရဲ့နောက်ဆုံးရေးသွားခဲ့တဲ့ စာအုပ်နာမည်ကို အဖြေမှန်ရွေးခိုင်းတာမျိုးဖြစ်ပြီး မေ့အတွက်ကတော့ ထိုစာရေးဆရာကိုတောင် အခုမှကြားဖူးတာဖြစ်သည်ထို့ကြောင့် မေးခွန်းတိုင်းအတွက် အဖြေရှာဖို့သဲလွန်စဆိုတာ ရှိမနေပါ ဘာလို့ဆို ထိုမေးခွန်းပါအကြောင်းအရာသည် သင်တစ်ခါမှမကြားဖူးမမြင်ဖူးမသိဖူးသော အကြောင်းအရာဖြစ်နေလို့ပင်
မြန်မာစာ အင်္ဂလိပ်စာ နဲ့အထွေထွေဗဟုသုတဆိုပြီး ရေးဖြေ၃ဘာသာဖြေရပြီး နှုတ်ဖြေလဲသပ်သပ်ဖြေရသေးသည် လုပ်ငန်းနဲ့ပတ်သက်တာက နှုတ်ဖြေကျမှ မေးတာဖြစ်ပြီး ရေးဖြေ၃ခုလုံးကတော့ မေးချင်တာမေးတာဖြစ်သည် ဒါကြောင့်ဖြေဆိုသူများကလဲ ကြည့်ချင်တာကြည့်ကြသည်
သို့သော်မေ့အတွက်ကတော့ လုပ်သက်၁၀နှစ်နီးပါးရှိပြီး PSCစာမေးပွဲ အောင်မြင်ထားဖူးပြီးသားဖြစ်တဲ့ ဆရာဉီးခန့်တည်ပိုင်က သင်ကြားပြသပေးသည်မို့
အများကြီးပိုအဆင်ပြေခဲ့ပါသည်
ဒီနေ့က နှုတ်ဖြေ ဖြေရမဲ့နေ့ဖြစ်ပြီး ခေါင်းထဲမှာ first yearကတည်းကနေ ပါရဂူတန်းထိအောင် သင်ခဲ့ရတဲ့စာတွေ အကုန်ပွစလန်ကြဲနေကာ တစ်ခုလေးမှ ထွက်ကျမသွားအောင် မနည်းထိန်းနေရသည်"မေ ညနေကျ ဘာစားမလဲ ကိုယ်တို့ အပြင်ထွက်စားကြရင်ကောင်းမလား "
"နေစမ်းပါအုံးကိုရယ် စကားလာမပြောပါနဲ့
ဒီမှာ မေမှတ်ထားတာတွေပျောက်သွားမှာစိုးလို့ "အခုက မေနှုတ်ဖြေစာမေးပွဲ သွားဖြေဖို့
ကိုက လိုက်ပို့ပေးနေတာဖြစ်ပြီး လူက အတော်လေး စိတ်လှုပ်ရှားနေရတဲ့ကြားထဲ သူက ညနေဘာစားမလဲ လာမေးနေသည်
မေ့မှာ စားဖို့နေနေသာသာ ခုချိန်မှာရေတောင်သောက်ချင်စိတ်မရှိပါ
أنت تقرأ
You are My Story (Complete)
عاطفية"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...