နှစ်တွေ လတွေ အလီလီကြာညောင်းခဲ့ပြီဖြစ်ပြီး မေနဲ့ကိုနဲ့ အတူတူ မိသားစုတာဝန် အလုပ်တာဝန်တွေကြား ရုန်းကန်းရင်း မေတို့ရဲ့မိသားစုအသိုက်အမြုံလေးကို ကြိုးစားတည်ဆောက်ခဲ့သည်မှာ အခုဆို သားငယ်လေးယံယံနဲ့ သမီးလေး မိုင်မိုင်အသက်၃နှစ်ရှိပြီဖြစ်ပြီး မေ့သားကြီးလေးကတော့ ပထမတန်းကျောင်းသားကြီးတောင်ဖြစ်လို့နေပြီ
အခုမေတို့အမွှာလေးနှစ်ယောက်ရဲ့ မွေးနေ့အတွက် မန္တလေးကို ပြန်ရောက်နေကြတာဖြစ်ပြီးမေ့အတွက်ကတော့ ဒီရောက်ကတည်းက အတော်လေးကို ငြိမ်းချမ်းသာယာနေတော့သည်
အကြောင်းကတော့ သားကြီး ချမ်းလေးက ရောက်ကတည်းက သူ့ဉီးလေးနားဘဲကပ်နေပြီး ယံယံနဲ့ မိုင်မိုင်ကတော့ သူတို့အဖိုးနဲ့အဖွားနဲ့ ဆော့ပြီးပျော်နေကြသည်
ဟန်သာကတော့ အခုဆို တက္ကသိုလ်မှာကျူတာဆရာမကြီးဖြစ်နေပြီမို့ စာမေးပွဲခန်းစောင့်နေရလို့မအားလို့ပါဆိုပြီး လူရောက်မလာဘဲ သူ့တူနဲ့တူမအတွက် လက်ဆောင်ဘဲပို့ပေးထားသည်
ထို့ကြောင့် တစ်အိမ်လုံးမှာ ဘာအလုပ်မှမရှိဘဲ အားလပ်နေသူကတော့ မေ့ခင်ပွန်းကြီးဉီးခန့်တည်ပိုင်တစ်ယောက်တည်းပင် ဘာလို့ဆို သူတစ်ယောက်ဘဲ လက်ယားလက်ယားလုပ်နေတာဖြစ်ပြီး မေကတော့ မနက်ဖြန်ဧည့်သည်တွေကိုကျွေးဖို့အတွက် ကူညီညာလုပ်ပေးနေတာဖြစ်သည်"မေ မိန်းမ ဘာတွေလုပ် "
ဟော သူ့အကြောင်းတွေးနေတုန်းရှိသေး လူကရောက်ချလာပါပြီ အသက်ရှည်လိမ့်အုံးမယ်
"ဆော့နေတာလေ "
"ကိုယ့်ကိုရွဲ့တယ်ပေါ့ "
"ဒီမှာ အလုပ်လုပ်နေတာကိုမြင်ရဲ့သားနဲ့မေးနေတာကို"
"အဲ့ဒါတွေမလုပ်နဲ့တော့တခြားလုပ်မဲ့သူတွေအများကြီးရှိတာဘဲ "
"အဲ့ဒါမလုပ်တော့ ဘာလုပ်ရမလဲပြော "
"ကိုယ်တို့ အတူတူ shoppingထွက်ရအောင်လေ "
"အမလေး ပိုက်ဆံတွေကုန်လို့ အိမ်မှာဘဲငြိမ်ငြိမ်နေစမ်းပါ ကိုရယ်"
"သိပ်မကုန်ပါဘူးမေကလဲ လုပ်ပါကွာ ကိုယ်တို့နှစ်ယောက်တည်း မDateရတာ ဘယ်လောက်တောင်ကြာနေပြီလဲ "
YOU ARE READING
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...