အပိုင်း(၂၇)

9.9K 372 57
                                    

"ကို ဘာတွေမေးနေမှန်းရော
ကိုယ့်ကိုယ်ကိုသိလား "

"ကိုယ်မေးတာဘဲဖြေ သူလား ကိုယ်လား "

"ဒါက မေ့အတွက် ဒီအခြေအနေမှာ ရွေးချယ်စရာကတစ်ခုဘဲရှိတယ် ကို
သူရယ် ကိုရယ်လို့ မဟုတ်ဘူး
ဒဏ်ရာရနေတဲ့သူကို မေဒီတိုင်းမထားခဲ့နိုင်ဘူး သူ့မှာ ဘာအပြစ်မှမရှိဘူး ကို ပြန်ပါတော့ ဂရုစိုက်သွားပါ "

"မေ့..."

ကိုယ်ခေါ်သော်လည်း လှည့်မကြည့်တော့ဘဲ ဟိုအကောင်ကိုသာ ပြေးထူကာ ဂရုစိုက်ပေးနေသည်.... 
မေ ....မင်းကွာ

"မေ ....မင်း ဒါမင်းဆုံးဖြတ်ချက်နော်
ကိုယ်သွားပြီ "

ကိုစိတ်မကောင်းဖြစ်သွားတာ မေသိသော်လည်း  မေ့မှာဒီလိုရွေးချယ်ရုံကလွဲပြီးမရှိပါ။
မေ့ကို ဘယ်လိုလုပ်စေချင်တာလဲ ကိုရယ် .....

"ချစ်ဦးသာ မောင်လေး ရရဲ့လား နည်းနည်းထနိုင်လားဟင် "

".....အဟွတ် အဟွတ် ကျွန်တော်ရပါတယ် မမမေ "

"တောင်းပန်ပါတယ် တကယ်ကို ပါးစပ်ဆယ်ပေါက်ရှိရင်တောင် ပြောစရာစကားမရှိတော့ပါဘူး အစ်မ တောင်းပန်ပါတယ်နော် "

"နေပါ မမမေ
မမမေလုပ်တာမှမဟုတ်တာ တောင်းပန်စရာမလိုပါဘူး "

"မဟုတ်ဘူး အစ်မကြောင့်ဖြစ်တာ ကိုက တစ်ခါမှ အဲ့လိုမဖြစ်ဖူးပါဘူး ဘယ်သူ့ကိုမှ လက်ပါတာ မေမတွေ့ဖူးဘူး
သူဘာအထင်လွဲပြီး လုပ်မှန်းမသိပေမဲ့ အစ်မမှာ တာဝန်ရှိတယ် "

"ခဏဘဲစောင့်နော် ကားရောက်လာရင် အစ်မ ဆေးရုံလိုက်ပို့ပေးမယ်နော် "

"ဟုတ် "

ချစ်ဦးသာ စိတ်ထဲ အထိုးခံရတာ တန်တယ်လို့တောင် တွေးမိတယ် မမရဲ့ အခုလိုပွေ့ဖက်ပေးတာကို ခံရသလို စိုးရိမ်နေတဲ့ မျက်ဝန်းတွေကိုလဲ တွေ့လိုက်ရသည်။
ဒါပေမဲ့  တာဝန်ရှိတယ်တဲ့လား မမ...
ကျွန်တော့်အတွက်နေခဲ့တာလား ....
ဆရာ့အတွက်နေခဲ့တာလား... ကျွန်တော်မတွေးချင်ပေမဲ့ စိတ်ထဲတွေးမိနေတယ်

"ချစ်ဦးသာ ဟိုကားလားမသိဘူး "

"ဟုတ်တယ် "
.

You are My Story (Complete)Dove le storie prendono vita. Scoprilo ora