လင်မယားနှစ်ယောက် ညနေရုံးဆင်းလို့ အတူတူပြန်လာချိန် ခြံတံခါးအဝင်ရှိသေး အိမ်ထဲကနေစူးခနဲအော်ငိုသံတွေကြားလိုက်ရသည်။မေ့မှာ ကလေးတွေငိုနေတာကြောင့် စိတ်ပူသွားကာ အိမ်ထဲအမြန်ပြေးဝင်သွားကြည့်လိုက်တော့ ကြမ်းပြင်မှာ ရှုံးပွဲချငိုနေတဲ့သားတော်မောင်နှစ်ယောက်နဲ့ ခပ်တည်တည်မျက်နှာထားနဲ့အစ်ကိုနှစ်ယောက်ငိုနေတာကို ကြည့်နေတဲ့သမီးတော်ကို တွေ့လိုက်ရ၏။
"အီးးးးးးးးးးးဟီးးးးးးးးမိုင်မိုင်အကျင့်မကောင်းဘူး"(ချမ်းလေး)
"အီးးးးးးးမိုင်မိုင့်ကိုမုန်းတယ်"(ယံယံ)
"ဟဲ့ ဟဲ့ကလေးတွေ ဘယ်လိုဖြစ်ကြတာလဲ
ညီမလေးက ဘာလုပ်လိုက်လို့လဲ မေမေ့ကိုပြော မေမေဖြေရှင်းပေးမယ် ""အဟင့်သူ.... သူ အရုပ်ကိုပစ်ပေါက်တယ်သားတို့ကိုလဲ ထုတယ်မေမေ "(ချမ်းလေး)
"မိုင်မိုင် ဘာလို့ ကိုကိုတို့က်ိုလုပ်ရတာလဲ
သမီးထက်အကြီးလေ သမီးဒီလိုရိုင်းဖို့မေမေသင်ထားတာလား""အမယ် ဟဲ့ ငါ့မအေပြောနေတယ်လေ အဲ့ဒါဘယ်တုန်း "
မိမိုင်မိုင်တစ်ယောက် မေ မေးနေတာကိုပြန်မဖြေဘဲ လှုပ်တုတ်လှုပ်တုတ်နဲ့ တံခါးပေါက်နားမှာ ရပ်နေတဲ့အဖေဆီသွားပြီး ချီဖို့လက်ဟန်ပြနေလေသည်။
ခန့်တည်ပိုင်လဲ သားနှစ်ယောက်က အသားကုန်ငိုနေ မေကလဲ ဝင်မပါဖို့မျက်နှာရိပ်မျက်နှာကဲပြနေသည်မို့ ဒီတိုင်းရပ်ကြည့်နေပေမဲ့ သမီးငယ်က ကိုယ့်ဆီရောက်လာပြီး သနားစဖွယ်မျက်လုံးရွဲကြီးတွေနဲ့ကြည့်ပြီး သူ့ကိုချီခိုင်းနေသည်မို့
ဘယ်လိုမှတောင့်မခံနိုင်တော့ဘဲ မိန်းမဖြစ်သူကြည့်နေတာကိုမသိချင်ယောင်ဆောင်ကာ ထိုအသဲတုံးလေးကို ကောက်ပွေ့ချီလိုက်ရသည်။"ဖေကြီးသမီးလေး ဘာတွေမွှေထားပြန်ပြီတုန်း ဟမ် "
ပါးနုနုလေးတစ်ဖက်ကို မွှေးကြူကာ မေးလိုက်တော့ ချစ်သမီးငယ်က အဖေလည်ပင်းကို လက်လေးမမှီတမှီနဲ့လှမ်းဖက်ပြီး ရင်ခွင်ထဲခေါင်းတိုးပြီးချွဲနေတော့သည်။"ကဲ ဟိုသားအဖ ကျွန်တော်မျိုးမကြီးကို နည်းနည်းအဖက်လုပ်ပါအုံး
ဒီကို လာခဲ့ပြဿနာကရှင်းလို့မပြီးသေးဘူး "
YOU ARE READING
You are My Story (Complete)
Romance"နောင်နောင် ငါနင့်ကိုအရမ်းချစ်တယ် သိလား " "အဟွန်း......ငါမှ နင့်ကိုတစ်ခါမှဖွင့်မပြောခဲ့တာ နင်ဘယ်သိနိုင်ပါ့မလဲနော်" ချမ်းသီရိမေ "မေသိလား ကိုယ်လေ... အူတူတူပုံလေးဖြစ်နေတဲ့မေ့ကိုလည်း ချစ်တယ် ဒေါသတကြီးပုံလေးနဲ့မေ့ကိုလည်းချစ်တယ် မေ့ရဲ့ဝမ်းနည်းကြေကွဲနေတ...